"What the...ညီ!"
လိုက်ကာစကို အတင်းဆွဲစေ့ရသည်။သို့သော်
အချည်းနှီးပင်။"ဘာ...ဘာပြောတယ် What the ? ဘာလဲ။
အကြီး ကို! အကြီးကို!""ညီ!"
ကိုယ်ရေချိုးနေတဲ့ ရေပန်းအောက်ထဲကို ဝင်၍
ဇက်ပိုးကို နှစ်ချက်လောက် ဆင့်ရိုက်၏။ ကိုယ်တင်းပြီ ညီ။ ကိုယ့်ကို ဘယ်သူမှ ရိုက်ရဲတာ
မဟုတ်ဘူးနော်။"Sh**t"
"ဟာ ဆဲတယ် ငါ့ကိုလား။ မင်းက ဘုန်းကြီးတစ္တေ
ထက် ဆိုးနေပါလား Rain""ကိုယ် စပ်တယ်ဗျ။ ကိုယ် မျက်နှာသစ်နေတုန်း
ကြီး"ကြည့်လိုက်မှ ဟုတ်တယ်။ ရေစိုနေသောမျက်နှာ
ပေါ်Facial Formတွေမစင်သေး။ မျက်လုံးမပွင့်တပွင့်နှင့် ဒုက္ခရောက်နေသော ကာတွန်း။ ဘောင်းဘီအတိုလေးပဲ ရှိနေသော သူ့
ကိုယ်ကိုဖုံးရမလို မျက်နှာပဲ အရင်ပြောင်အောင်
သစ်ရမလို နှင့် ယောင်ချာချာဖြစ်နေဆဲမှ နီနေသောနားရွက်တွေကို ဖုံးကွယ်ဖို့ကလည်း အလုပ်တစ်ခု အဖြစ်ရှိနေသေးတော့။"လာ...လာ"
ရေပန်းအောက်ဆွဲသွင်းကာ မျက်နှာမော့ခိုင်းလိုက်
ပြီး လက်မှ ရေအနည်းငယ်နှင့် လက်ကျန်ဆပ်ပြာ
တွေကို သပ်ချပေးလိုက်ရသည်။ မိုးထိုးနေသော
အရပ်ကြီးကြောင့် ခြေဖျားထောက်ရတာလည်း
မသက်သာ။မျက်နှာပေါ်ရှိ ဆပ်ပြာတွေ ကုန်သွားပြီး မျက်လုံး
သေချာဖွင့်နိုင်မှ မျက်စောင်းကျကျနနထိုးတတ်ရန်
လေ့ကျင့်စ ရှိသေးသော နဂါးပေါက်စလို
မျက်ထောင့်နီဖြင့်ကြည့်၏။"ညီ ထွက်ဗျာ...ကိုယ်ရေချိုးနေတယ်လေ"
"ချိုးလေ ဘာဖြစ်လဲ? မင်း ဘာသာမင်းချိုး။
ငါလည်းငါ လုပ်စရာရှိတာ လုပ်တာပဲ""S*"
ခပ်တိုးတိုးပေမယ့် ကံမကောင်းစွာ နားပါးနေတော့
လည်း"ဆဲပြန်ပြီလား။ အကြီး ကို အကြီးကို"
လက်နဲ့ ပါးစပ်တသားတည်းကျဖို့က လေ့ကျင့်
စရာ မလို။ အမျိုးသမီးထုကြားမှ ကြီးပြင်းလာ
ဖို့ပဲလိုသည်။ နီရဲသွားသော လက်မောင်းတစ်ဖက်
အမှန်က ဇက်ပိုးအုပ်ချင်တာ ခြေဖျားထောက်နေ
ရတာ အဆင်မပြေလို့
أنت تقرأ
PRO ||Season One||
عاطفيةBL Romance,Drama and other age limited feelings အချစ်ဆိုတာ PROဆန်စရာလည်းမလိုပါဘူး နောက်ပြီး ကိုယ့်အချစ်က ကောင်းလှချည်ရဲ့ဆိုပြီး PROmotion ဆင်းပြီးချခင်းပြစရာလည်း မလိုပါဘူး။ ဒါဆို တကယ်တမ်း ဘာလိုအပ်တာလဲ?