အပိုင်း ၂၀

34.7K 4K 87
                                    

Polite

Projector ပေါ်မှ စာလုံး။ Commu အတန်း
၏ ၄ချိန်မြောက် တက်ရသော အတန်း။
ဒီအတန်းကို  အကြိုက်ဆုံးလို့ ပြောရမည်။လှုပ်
လှုပ်ရှားရှား အတန်းချိန်တွေများတဲ့ထဲမှာမှ ဒီ
Commu အတန်းသည်သာ ဝိုင်းထိုင်ပြီးဆွေး
နွေး ပြောဆိုရသည့် အတန်းဖြစ်သည်။ စာသင်နေ
တာမျိုးလည်း မဟုတ်ဘဲ အတွေ့အကြုံတွေ ဥပမာ
တွေ နှင့် အနုပညာရှင်ပေါင်းများစွာ၏ Show
တွေမှ Reactions တွေ Magazineတွေမှ
အဖြေတွေ၏ လိုအပ်ချက်တွေကို ပြပြီး ကိုယ်သာ
ဆို ဘယ်လိုပြန်ဖြေမလဲ ဆိုတာတွေ အများကြီး
ကို လေ့ကျင့်ရသည်။ ဆရာက မျက်နှာ
Expressionတွေက အစ အသေးစိတ်
သင်ပေးခြင်းဖြစ်သည်။ အခုလည်း ခေါင်းစဉ်ကို
က စိတ်ဝင်စားစရာ Polite

"ယဉ်ကျေးခြင်းက လူမှုဆက်ဆံရေးကောင်းခြင်း
ဆိုတဲ့ ဂုဏ်တစ်ခုရဖို့ မရှိမဖြစ်ပါဝင်နေတဲ့ အရာ
ပဲ။ အခု ဒီက Nongတို့က တစ်နိုင်ငံလုံးမက
ဘူး။ Asiaတစ်ဝှမ်း နောက် Nongတို့ကြိုးစား
ရင် ကြိုးစားသလောက် ကမ္ဘာတစ်ဝှမ်းက လူတွေ
ရဲ့ အာရုံထဲရောက်မယ့် လူတွေ။ ဒီတော့ လူတွေ
အမြင်မှာ ကိုယ်ဟာ ဆက်ဆံရေးကောင်းသူ
တစ်ယောက်လိုမြင်စေဖို့ အဓိက အချက်က
စကားကို ယဉ်ယဉ်ကျေးကျေးပြောတတ်ဖို့က စ
တာပဲ။ တချို့က  ယဉ်ကျေးတာနဲ့ အောက်ကျို့
တာကို ရောနှောလိုက်တတ်ကြတယ်။ အမှန်က
မတူဘူး။ အောက်ကျို့တာနဲ့ ရို့ကျိုးတာလည်း
မတူဘူး။ ကိုယ်ရဲ့ Personalityတစ်ခုကို
ကိုယ်ထိန်းထားနိုင်တာ ယဉ်ကျေးတာ။ အခြေခံ
Mannerတွေ ရှိတာက ယဉ်ကျေးတာ။ ဟိုနေ့
အတန်းမှာ ပြောသွားတဲ့ Greeting မှာလိုပေါ့
မသိတဲ့ လူတစ်ယောက်နဲ့ စကားပြောရင် အရင်
ဆုံး ကိုယ့်ကိုကိုယ် မိတ်ဆက်တာ ။ ကျွန်တော်
ဘယ်သူပါ။ လိုအပ်ရင် အသက်ထည့်ပြောတာ
ဒါကလည်း ကောင်းမွန်တဲ့ Mannerတစ်ခု
လူကျင့်ဝတ်မှာ လုပ်သင့်တဲ့ အရာတစ်ခုဆိုတာ
ကို သဘောပေါက်လာကြလို့ Idolတွေဆို
စင်ပေါ်တက်တာနဲ့ သူတို့ကို ဘယ်လောက်ပဲ လူသိများနေပါစေ။ မင်္ဂလာပါ ပြောပြီး သူတို့
နာမည်သူတို့ အရင်မိတ်ဆက်တာ။ ဒါကလည်း
ယဉ်ကျေးတယ်ဆိုတာကို ဖော်ပြတာပဲ
မင်းတွေ့တဲ့ လူတိုင်းကို ခါးကျိုးမတတ် နှုတ်ဆက်နေမှယဉ်ကျေးတယ်လို့ခေါ်တာ
မဟုတ်ဘူး။ လူတိုင်းရှေ့မှာလည်း အပြုံးလေးနဲ့ နေတတ်တာလည်း ယဉ်ကျေးတာမဟုတ်ဘူး။ အပြုံးတိုင်းမှာအဓိပ္ပါယ်ရှိတာပဲ Nongတို့
ပြုံးတော့ပြုံးထားပါရဲ့။ ခနဲ့တဲ့တဲ့အပြုံးဆိုရင်ရော"

PRO ||Season One||Où les histoires vivent. Découvrez maintenant