"မင်း တို့ကို ငါဘာပြောထားလဲ။ ဒီ ၂၄ နာရီ
အတွင်း အပြင်မထွက်ဖို့ ပြောထားတယ်မလား""ကိုယ်တို့ နှစ်ယောက်အတွက် သီးသန့်အချိန်လို
တယ်။ ကိုယ်တို့ ဘာမှ လုပ်တာလဲမဟုတ်ဘူး။
ကိုယ် ညီ့ကို ပြန်နှစ်သိမ့်ဖို့ ပြန်ချော့ဖို့ အချိန်လို
တယ်။ ဒါကြောင့် ညီ့ကို မုန့်ထွက်ကျွေးတာ။
Diet planကြောင့် ညီ ခေါက်ဆွဲပြုတ်မစားရ
တာကြာပြီမို့ ကိုယ် လိုက်ဝယ်ကျွေးတာ"ကိုယ် မြန်မာလိုပဲ ပြောလိုက်သည်။ ဂျာကြီးကပင်
ဒေါသတကြီးနှင့် ကိုယ်တို့ အဆောင်ထိရောက်
လာသော CEOကို စကားပြန်ပေးသည်။
ညီ့ကို ငဲ့ကြည့်တော့ ကိုယ်ပြောသမျှကို မျက်လုံး
လေး ဝိုင်းကာ လိုက်ငေးနေ၏။ ဘာမှဝင်မပြော။"အခု မင်းတို့ ပြဿနာက ငြိမ်သေးတာမဟုတ်
ဘူး။ အခု mediaအားလုံးက မင်းတို့ကို တွေ့
ချင်နေကြတဲ့ အချိန်မှာ လူလုံးမထွက်ပြတာ
အကောင်းဆုံးပဲ။ သူတို့ မေးလာရင် ဘယ်လိုဖြေ
မလဲ ... ပြောလေ""ဒါ နားလည်မှု လွဲနေတာပါ။ ကျွန်တော်နဲ့ Rain
ရန်ဖြစ်နေတာ မဟုတ်ဘူး။ အရင်တည်းRainက
လိုက်စနေကျ။ ပစ်လှဲပြီး ကလိထိုးတာတွေ ဘာတွေ လုပ်နေကျပါ။ ယောကျာ်းလေးချင်းချင်း
စနောက်တဲ့ အခါ ဖြစ်နေကျ မတော်တဆတစ်ခုပါပဲ"သူဘာတွေပြောလဲ ကျွန်တော်မသိပေမယ့် P'Pim ကတော့ ပြုံးစိစိဖြစ်သွားတာ တွေ့လိုက်
၏။ဂျာကြီးကတော့ ဖုန်းဝင်လာ၍ အပြင်ထွက်သွား
၏။ ပုံစံကလည်း အရေးကြီးနေသည့်ပုံပင်။"စည်းကမ်းမလိုက်နာတဲ့ မင်းတို့ နှစ်ယောက်ကို
ငါ ရှေ့လျှောက်ဘယ်လို ထိန်းရမလဲ။ ရှေ့က
စီနီယာတွေ ဘယ်လိုနေထိုင်ခဲ့လဲ။ မင်းတို့လို
ပြဿနာဖြစ်အောင် ဘယ်သူမှ မလုပ်ခဲ့ဘူး။ ဒီ
လောက မှာနေရာတစ်ခုရဖို့ ဆိုတာလွယ်တဲ့ ကိစ္စ
လို့ ထင်နေတာလား။ အားလုံးက အမှားမခံပဲ
စောင့်ကြည့်နေကြတာ။ မင်း တို့ကို အပြစ်ပေး"CEO စကားဆုံးအောင် မပြောလိုက်ရ။ ဂျာကြီးက CEOကို နားကပ်ကာ ခပ်တိုးတိုးပြော
လျက်သူ့ဖုန်းကို ပြသည်။ CEOတစ်ယောက်ဖုန်း
Screenကို လက်ညှိုးတစ်ချောင်းနဲ့ ခပ်မြန်မြန်
ဆွဲချဆွဲတင်လုပ်နေ၏။
![](https://img.wattpad.com/cover/133770042-288-k927492.jpg)
BẠN ĐANG ĐỌC
PRO ||Season One||
Lãng mạnBL Romance,Drama and other age limited feelings အချစ်ဆိုတာ PROဆန်စရာလည်းမလိုပါဘူး နောက်ပြီး ကိုယ့်အချစ်က ကောင်းလှချည်ရဲ့ဆိုပြီး PROmotion ဆင်းပြီးချခင်းပြစရာလည်း မလိုပါဘူး။ ဒါဆို တကယ်တမ်း ဘာလိုအပ်တာလဲ?