"ဒါလေးက ဘာလဲကွ"
ထိတွေ့မိသည် ဆံပင်ပိုင်းများသည် နူးအိနေသော
နို့ပူတင်းစများပမာ...ဆော့ကစားနေသော လက်များကို ဖယ်ပုတ်
ထုတ်လိုက်သော လက်များတွင် ယောကျာ်းအား
အပြည့်ပါသည်။"ဖယ်ပါဗျာ။ရော့ဒီမှာ ပန်းကန် ကိုယ့်ပန်းကန်နဲ့ကိုယ်စား"
Break timeချိန်က စား၍ကျန်သောဖော့ ပန်းကန်ရှေ့တွန်းပို့ နေရင်း ခေါင်းမှကြက်တောင်
စီးကိုပါ ဆွဲဖြုတ်လိုက်တော့..."ဟာ ညီရာ မဖြုတ်ပါနဲ့။ဒီအတိုင်းလေးကြည့်ကောင်းနေတာကို"
"CUT"
Assistant Director တစ်နည်းအားဖြင့်
Acting Trainer ၏ အမိန့်။"Nine အံ့မျက်လုံးတွေ ငြိမ်မနေရဘူး။ မျက်ဆံ
အိမ်တွေ လှုပ်နေရမယ်။ ဒါ စိတ်လှုပ်ရှားနေတာ
ကို ပြတာ။ နောက်ပြီး Rain ခ ကဒီအခန်းကို အမှောင်ခန်းလို့ သဘောထားထား...ညီ့ကို ဒီ
အတိုင်း လင်းလင်းထင်းထင်းတွေ့နေရတာ မဟုတ်ဘဲနဲ့ မှောင်နေလို့ မြင်ရတာ အားမရတဲ့
ပုံစံကြည့်ရမှာ...ကြည့်တတ်လား မကြည့်တတ်ရင် မင်းတို့ အခန်းပြန်ရောက်ရင် အခန်း
အမှောင်ချပြီး Nineကို လိုက်ကြည့်"ကမ္မာဝါဖတ်ပြမည့် ကိုယ်တို့ရဲ့ ဆရာပါ။ ထိုင်းသာဆိုတယ် သူပြောချင်လာရင် မြန်မာ
စကားကို မြန်မာတွေထက်ပင် နားလည်အောင်လည်း ပြောတတ်သလို နာအောင်လည်းပြော
တတ်တယ်။"ပြန်စမယ်။ Nine က လက်ပုတ်ချတာအားသိပ်မပါနဲ့။
ဒါ ကိုယ်ချစ်ရတဲ့လူလေ...ကိုယ် မကြိုက်တာ လုပ်နေရင်တောင် နာအောင်မလုပ်
ရက်ဘူးလေ။ ခုက ပုတ်ချလိုက်တာ အားကြီးနဲ့"
ဒါက ဒေါ်ခွန်း၏ ထပ်ဖြည့်မှု။ ဘာဘာညာညာ
ဆင်ခြင်ပေးဖို့ အခွင့်အရေး မပေးထား။ ပြောရင်
ပြောသလိုသာ လုပ်။ Reviewပြန်ကြည့်ရင်
P'ဂျင်းနီ Cameraလေးထဲမှာတောင် အသက်
ဝင်နေရမည်ပင်။ ဒါကိုက သူတို့အပိုင်း Pro
ဆန်မှုပင်။ ဘယ်လောက်ပဲ အမြင်မှာ P'Kလို့
ခေါ်ခွင့်ပြုပြီး ရင်းနှီးစွာ ဆက်ဆံပါစေ။ သူတို့
Actingတန်းရောက်ရင် အားမနာတတ်သော
ဒေါ်ခွန်းပြန်ဖြစ်သွားသည်။ ခံစားချက် မရှိသော
မျက်လုံးသေတွေနှင့် ကိုယ်တို့ကိုကြည့်ပြီး
ကိုယ်တို့ကို အတင်းခံစားသက်ဝင်ခိုင်းနေတာ
နည်းနည်းတော့ မဆီလျော်တာပင်။
YOU ARE READING
PRO ||Season One||
RomanceBL Romance,Drama and other age limited feelings အချစ်ဆိုတာ PROဆန်စရာလည်းမလိုပါဘူး နောက်ပြီး ကိုယ့်အချစ်က ကောင်းလှချည်ရဲ့ဆိုပြီး PROmotion ဆင်းပြီးချခင်းပြစရာလည်း မလိုပါဘူး။ ဒါဆို တကယ်တမ်း ဘာလိုအပ်တာလဲ?