ဆေးရုံ။ ကျွန်တော်အမုန်းဆုံးနေရာ။
ဒီရပ်ဝန်း ဒီပတ်ဝန်းကျင်ကို မုန်းနေပြီ။ ဆရာဝန်တွေ၊ နေ့စဉ် အသက်ရှင်ဖို့ ရင်ဆိုင်နေရတဲ့ လူနာတွေ။ပိုးသတ်ဆေးနံ့။
အမုန်းဆုံးကတော့ အရေးပေါ်ခန်းပင်။ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာသည်မဟုတ်။
ကံဆိုးမှုက ချင်းမိုင်ရောက်နေတဲ့ ကျွန်တော့်ကို
လှမ်းခေါ်ပြီးကို ကိုယ်ပေါ်တည့်တည့်ရွာချတာ။မေမေ ရေချိုးခန်းထဲမှာ ချော်လဲသည်တဲ့။ ကြီးကြီး
ကတော့ သူရှိရဲ့နဲ့ ဖြစ်သည့်ကိစ္စမို့ တောင်းပန်
မဆုံးဖြစ်နေသေးတာကိုလည်း ပြန်နှစ်သိမ့်ရ
သေးသည်။အလုပ်လေးရလို့ နောက်နှစ်ကျောင်းဆက်တက်
ဖို့ အဆင်ပြေပြီထင်နေခဲ့တာ။ခုတော့..."ပေါင်ရိုးကျိုးသွားတယ်။ Steel ရိုးထည့်မှရမယ်
လမ်းတော့လျှောက်နိုင်သေးမှာ မဟုတ်ဘူး။ ဆီး
ချို ကိုလည်း ထိန်းထားမှ ရမယ်။ လောလော
ဆယ် အိမ်မှာထက် ဆေးရုံမှာထားတာ လူနာ
အတွက် ပိုစိတ်ချရမယ်"မေ့ဆေးမပြယ်သေးတဲ့ မေမေ့ကို မကြည့်နိုင်တော့
ပါ။ နိုးလာရင် မျက်ရည်တွေကြားက တောင်းပန်
စကား ဆိုပြီး ကျွန်တော့်ကို အားနာနေမည့်မေမေ့
ကို မြင်ရတာ ရင်အနာဆုံးပဲ။ ဒီလောကမှာ
သားသမီးကို ဒုက္ခတွေ ပေးနေတယ်လို့ ကိုယ့်
ကိုကိုယ် သတ်မှတ်မိတဲ့ မိဘတွေလောက် လူဖြစ်
ရှုံးစေတာ မရှိဘူးလို့ ကျွန်တော်ထင်တယ်။
မေမေ့ကိုတော့ အဲ့လိုမခံစားစေချင်။"တီငယ်...ကျွန်တော် ကျောင်းမတက်တော့ဘူး"
ဒီတစ်ခါတော့ တီငယ်မတားတော့ပါ။ ကျွန်တော်
တို့နှစ်ယောက်လုံး ပင်ပန်းနေပြီ။"လွယ်လွယ်ပိုက်ဆံရမယ့်အလုပ်ဆိုတာထက်
ပိုက်ဆံသာ များများရမယ်ဆို ကျွန်တော်ဘာပဲ
ဖြစ်ဖြစ် လုပ်လိုက်ချင်လာပြီ"တီငယ် နှုတ်ဆိတ်နေသည်။ စဉ်းစားနေတာမျိုး
တော့ မဟုတ်။ ဒီအတိုင်း ကျွန်တော့်ကို မနှစ်သိမ့်
ပေးနိုင်တော့၍သာ..."ညီ...တီငယ် မင်္ဂလာပါ"
တစ်ဆက်တည်းဆိုသလို တီငယ့်ကိုပါ နှုတ်ဆက်
စကားဆိုသည်။ လက်ထဲမှာလည်း အိတ်တစ်လုံး
ဆွဲထားသေး၏။
သတင်းကြားကြားချင်းပြေးလာဟန်ရှိသည်။ ချစ်သူမျက်နှာ မြင်တာတောင် အပူမငြိမ်းနိုင်ဘူး။
အချိန်တွေ မပေးနိုင်လို့ အားနာခြင်းသာ ပိုဖိစီး
သည်။
YOU ARE READING
PRO ||Season One||
RomanceBL Romance,Drama and other age limited feelings အချစ်ဆိုတာ PROဆန်စရာလည်းမလိုပါဘူး နောက်ပြီး ကိုယ့်အချစ်က ကောင်းလှချည်ရဲ့ဆိုပြီး PROmotion ဆင်းပြီးချခင်းပြစရာလည်း မလိုပါဘူး။ ဒါဆို တကယ်တမ်း ဘာလိုအပ်တာလဲ?