အပိုင်း ၈

42.6K 4.8K 162
                                        

" သား မေ နဲ့ တရားရုံးလိုက်ပေးပါလား?"

"ကိုယ်က မေ့ရှေ့နေမှ မဟုတ်တာ"

မေ ချက်ချင်းမျက်နှာပျက်သည်။ မတတ်နိုင်။
မေ့ ရဲ့ သနားစရာ စရိုက်ပီပြင်ဖို့ ကိုယ် ဇတ်ပို့
မလုပ်ချင်။

"သား အရင်ကထက် computer သုံးနေသလို
ပဲ။ ပြန်ရောက်လာတည်းက သားကို တွေ့ရင်ဖုန်းနဲ့ computer တစ်လှည့်စီကို သုံးနေတော့တာပဲ"

ကိုယ်ဘာတွေကြည့်နေလည်း မေ စိတ်ဝင်စားပုံ
ရသည်။ ထိုင်ခုံနောက်ဆီ ခြေလှမ်းသည်နှင့်ကိုယ်
laptop အဖုံးကို ဆွဲပိတ်လိုက်သည်။

"ဘာတွေမို့လို့ မေ့ ကိုတောင် မမြင်စေချင်ရတာ
လဲ?"

"ကိုယ် အရွယ်ရောက်နေပြီလေ မေ။ ပြီးတော့
ကိုယ်က ယောကျာ်းလေး"

မေ ဆက်မပြောတော့။ ကိုယ့် ကိုသာငေးကြည့်
သည်။

စိတ်မပျက်နဲ့လေ မေ။ ဒါက အစပဲရှိသေးတာ။

"သြ...ကိုယ် ညနေ Flightနဲ့ BK သွားမလို့"

"ဟင်! ပြန်ရောက်တာမှ ဘာကြာသေးလို့လဲသား
ရယ်"

"အင်း...သွားချင်လို့။  မေ သွားစရာရှိတာသွား
လေ။ နောက်ကျနေမယ်"

မေ့ သည်လည်း စကားလုံးအသုံးအနှုန်းတို့ကို
ကြေညက်သူရယ်မို့ အခန်းထဲမှ ထွက်ရတော့
သည်။

ကိုယ်စိတ်မကောင်းပါဘူး မေ။ ကိုယ့်ဖက်ကို
လည်း ငဲ့ကြည့်လေ။ ကိုယ် အိမ်ပြန်ရောက်တော့
ဖေ က အိမ်ပေါ်ကဆင်းပြီးနှင့်နေပြီ။

ဖေ့လိုသာ အိမ်ပေါ်က မဆင်းသေးပေမယ့်
မဂ္ဂဇင်းစာမျက်နှာတွေပေါ်က မေ နဲ့ မုဆိုး
ဖို Producer ကြီးရဲ့ ပုံတွေကလည်းကိုယ်မမြင်
တာမှ မဟုတ်ပဲ။

နောက်ဆုံးတော့ ဘယ်သူနဲ့မှလိုက်မနေချင်တဲ့
ကိုယ်က ကိုယ့်နာမည်နဲ့ လွှဲပေးခဲ့တဲ့ ဒီ ဘိုးဘွား
ပိုင် အိမ်မှာ ကိုယ်တစ်ယောက်တည်း နေရတော့
မှာပဲ

ပြန်ရောက်ရောက်ချင်းညနေက ဘွား ရှေ့နေကြီး
လာတွေ့သည်။ မြိတ်က လုပ်ငန်းတွေကို ဖေ က
ငှားရမ်းလုပ်ကိုင်ချင်သည် ဆိုသည့်  သတင်းကို
အားနာနာနဲ့ သယ်လာပေးရသည်။

PRO ||Season One||Où les histoires vivent. Découvrez maintenant