Wake up Daddy. Daddy Wake up
သမီးလေး ပန်းရောင်ခြယ်ထပ်မနှိုးရခင်ငေါက်ကနဲ
ထထိုင်ရသည်။
Camping 2nd Day.
အရက်နာက သိပ်မကျ။ ခေါင်းမကြည်ရုံနှင့် နည်းနည်းငေါင်စီစီဖြစ်နေတာကို ရေချိုးလိုက်ရင် ပျောက်သွားမှာ။အောက်ထပ်ဆင်းလာသည့်တိုင် ပဒိုင်းသီးမနိုးထ
နိုင်သေး။ မနှိုးဘူး။ ကိုယ်အားလုံးပြီးမှ သူ့နိုးလာ
လည်း မီတယ်။ သွားတိုက်ပြီး ရေချိုးဖို့ပြင်နေ
စဉ် Lockမချမိသည့် တံခါးက ဝုန်းခနဲ
ပွင့်လာသည်။အပေါက်တွင်ရပ်နေပုံက ငေါင်စင်းစင်းနှင့် အရက်နာ ကျနေတာမသက်သာသေးပုံ။
ရဲနေသေးသော ပါးတွေ၊ နားရွက်တွေက မနေ့က
အရှိန်အကင်းမသေသေးသော လက္ခဏာတွေပင်။
ကိုယ့်ကိုလည်း မြင်ပုံမပေါ်။ ယိုင်တိုင်တိုင်နဲ့
ဝင်လာပြီး ခွက်ထဲမှ သွားပွတ်တံကို စမ်းတဝါးဝါး စမ်းနေသေး၏။ လူက သေးပါတယ်ဆိုမှ ဘောင်း
ဘီတိုတွေ စွပ်ကျယ်တွေနဲ့ဆို ပို၍ သေးကွေးနေ
သည့်ပုံ ပေါက်သည်။"ခဏလေးစောင့်ပေးပါလား ကိုယ်ရေချိုးတာ သိပ်မကြာဘူး"
"မင်းဟာမင်းချိုးစရာရှိတာချိုး"
ဘေစင်ကို လက်ထောက်ပြီးခေါင်းငိုက်စိုက်ကျ
ရင်း ပြန်ဘုတော တော၏။ လူကဖြင့် မထူနိုင်
မထနိုင်သေးဘဲ။ဒီရေချိုးခန်းကျဉ်းထဲမှာ ကိုယ်ဘယ်လိုချိုးရမှာလဲ
ရေပန်းနဲ့ ဘေစင်ကြား ရေချိုးခန်းသုံး လိုက်ကာစ
အပြာပါးတော့ ရှိနေပေမယ့် ကိုယ်မလုံဘူး။
အခုထိ ကိုယ့်တစ်ကိုယ်လုံး မြင်ဖူးသူဆိုတာမရှိ
ဘူး။ အဘွားတောင်နောက်ဆုံးမြင်ဖူးခဲ့တာ ကိုယ်
၃တန်းနှစ်ပဲ။ဆက်မပြောချင်တော့၍ ကိုယ်ပဲထွက်ပေး
လိုက်သည်။ သူ့ရှက်နေတယ်လို့ ထင်ရင်လည်းမတတ်နိုင်။အဖေနဲ့တောင် ရေကူးဖူးတာမဟုတ်ဘူး။
ပြန်ထွက်တော့ ပုခုံးချင်းတမင်တိုက်လိုက်တာ
မဟုတ်ပေမယ့် ကျဉ်းထဲကျပ်ထဲ နည်းနည်းလေး
ထိမိတာနဲ့ ယိုင်သွားသော ကိုယ်သေးသေးကွေး
ကွေး။ မနေ့ညကလို ဖင်ထိုင်မကျအောင် ပြန်ဆွဲ
လိုက်တော့...
![](https://img.wattpad.com/cover/133770042-288-k927492.jpg)
YOU ARE READING
PRO ||Season One||
RomanceBL Romance,Drama and other age limited feelings အချစ်ဆိုတာ PROဆန်စရာလည်းမလိုပါဘူး နောက်ပြီး ကိုယ့်အချစ်က ကောင်းလှချည်ရဲ့ဆိုပြီး PROmotion ဆင်းပြီးချခင်းပြစရာလည်း မလိုပါဘူး။ ဒါဆို တကယ်တမ်း ဘာလိုအပ်တာလဲ?