အပိုင်း ၁၀

41.6K 4.6K 273
                                    

စိတ်မလှုပ်ရှားနဲ့ ဟု ကိုယ့်ကိုကိုယ်ဆုံးမထားသော်
လည်း မရ။ ဒူးပဲနှန့်ချင်လာသလိုလို ဆေးလိပ်ပဲ
ဖွာချင်လာသလိုလိုနဲ့။

"ညီ"

ခေါ်သံကြောင့် လူက ကျောထဲစိမ့်ခနဲ။ ပုခုံးပေါ်
ရောက်လာသော လက်ဖဝါးနွေးနွေး။

"အာ အစ်ကို လန့်သွားတာပဲဗျာ"

ပြုံးရင်းဘေးခုံတွင် ဝင်ထိုင်သည်။ ထိုင်းတွင်
ကျောင်းတက်လာတာ ကြာလို့လားမသိ အစ်ကို
နေမင်းဦး က ထိုင်းဆန်သည်။ ဆံပင်တွေကို Gel
နဲ့ သေချာပိပြားနေအောင် ပုံသွင်းထား၍ ခွဲကြောင်းရာက ဦးရေပြားဖြူဖြူကို ထင်းနေစေ၏။

"အစ်ကို Man Man ဆိုလည်း Okတယ်လို့
ပြောလိုက်တယ်ပေါ့"

ရှက်ရယ်ရယ်ကာ ခေါင်းညိတ်သည်။ စိတ်ထဲတော့
နည်းနည်း ကျန်ဆဲမိသည်။ အသားဖြူနေပြီး
မြန်မာ သိပ်မဆန်တာက လွဲ၍ သူက ကျွန်တော်
လိုချင်သော ဇာတ်ကောင်နှင့် ကွက်တိဝင်နေ
သည်။

"အစက ငြင်းဦးမလို့ပါပဲ။ ဒါပေမဲ့သူတို့ Ent
က Actorတွေဆို Bangkok University
က အနုပညာတန်းတွေအတွက် scholarပေး
တယ်ဆိုတာနဲ့ ကိုယ်လည်း အဆင်ပြေတယ်ဆို
ပြီး ပြောလိုက်တာ"

"သြ..."

စိတ်ပိန်တယ်ဗျာ။ စိတ်ပိန်တယ်။ ခင်ဗျားအဲ့လို တညီ ညီ နဲ့ လွယ်လွယ်ကူကူ ထွက်နိုင်တာ အံ့
သြတယ်။

"အစ်ကို အခု ဇာတ်ကိုရော သိလား?"

"သူတို့ပြောပြသလောက်တော့ သိတယ်။ ငယ်
သံယောဇဉ်ကို အခြေခံထားတယ်ဆိုတာ
လောက်ပေါ့။"

"ဇာတ်ကောင်တွေကိုရော သိလား"

"မသိဘူး။ ဒါက အခုဝင်မှ သိရမယ်ထင်တယ်
သူတို့BLကားမှာက အမြဲ roleကွဲတယ်လေ
အခု ကိုယ်တို့ Castingကိုကြည့်ပြီး ဘယ်roleယူမလဲ? အင်း အဲ့ဒါက ဘယ်လိုပြော
ွှရမလဲ ဟို...အဲ့ဒါ...ကိုယ်တို့ပုံစံကကျ အဲ့ဒါပြော
ရင် ရိုင်းမလား...အင်း..."

အောင်မြတ်လေးဗျာ...seme uke ပြောဖို့
တောင် ရှက်နေတဲ့ လူက ဝင်ပြီး ရွေးခံချင်နေ
သေးတယ်...ခင်ဗျား Novelများ ဖတ်ရင်
ရူးတောင်သွားဦးမယ်

"Japan  လို seme uke လို့ခေါ်တယ်"

သိလှချည်လားဟူသော မျက်လုံးတွေ။အထင်
ကြီးသွားတာလား။

PRO ||Season One||Where stories live. Discover now