"အခန်းတွေ အဆင်ပြေရဲ့လား?"
မေးတတ်လိုက်သော ဒေါ်ခွန်း။ အားလုံးက Ok
khab ကြပေမယ့် ကိုယ်တို့နှစ်ယောက်ကတော့
အောင့်သက်သက်။အခန်းနေရာချပြီး မကြာဘူး။ LINE Group
Chatထဲကနေ Meeting Room Eကို
၁၁နာရီအရောက်လာဖို့ Messageပို့တာနဲ့
လာရတာ။ရောက်တော့ ကိုယ်တို့ Cast ၇ယောက်အပြင်
မပုံ၊ဂျာကြီး နဲ့ ဒေါ်ခွန်း တို့က ရောက်နှင့်နေပြီ။
နောက်ပြီး Sony တစ်လုံးလည်ပင်းဆွဲထားတဲ့
Cameraအဖွဲ့ထဲက တစ်ယောက်။ 2016
Model Alpha Seriesထဲက 7။
ကိုယ် မျက်ခုံးပင့်မိသည်။ သေချာတယ်။ကိုယ်
အလင်းအရမ်းမစူးတဲ့ နေရာမှာထိုင်ပြီး 30' ကနေ
Angelချိန်ပြီးအရိုက်ခံရပါက ကိုယ်လှပြီ။"အားလုံးကို နားချိန်မပေးဘဲ Meetingခေါ်လိုက်
ရတာ အားနာပါတယ်။ အစ်မကိုတော့ တွေ့ဖူးပြီး
သားပေမယ့် အခုတရားဝင် မိတ်ဆက်ပါရစေ။
အစ်မနာမည် ခွန်းနေခြည်ပါ။ ဒီမှာက ခွန်းလို့ခေါ်
ကြတယ်။ Script team leaderပါ...အသက်ကတော့ ၂၄ရှိပြီ။ နောက်ဆို အစ်မတို့ အဖွဲ့ရဲ့ Meetingတွေကို Meeting Room E မှာပဲ လုပ်မှာပါ။ အခု လာတော့ အဆင်ပြေ
ရဲ့လား။ ရှာလိုက်ရသေးလား?""သိပ်မရှာလိုက်ရဘူး P. Main Building
ရှေ့က Search Boardမှာရှာလိုက်တာ"သမုဒ္ဒရာက သွက်သွက်လက်လက်ပဲဝင်ဖြေသည်။
ကိုယ်တို့ Meeting Roomက သားနားသည်
ဟုပြောရမည်။ Main Buildingရဲ့ ပထမ
ထပ်မှာပဲရှိ၍ လှေကားတက်စရာလည်းမလို။
လင်းထိန်နေသော အခန်းထဲမှာ ခရေပန်းနံ့လိုလို
ခပ်သင်းသင်းAir fresher နံ့က အေးစိမ့်နေ
သော အခန်းနဲ့ လိုက်ဖက်နေ၏။ လေးထောင့်စား
ပွဲ ပတ်လည်မှာ ကုလားထိုင်တွေ။ ရှေ့မှာက
Projector တစ်ချပ်ရှိ၏။Meeting မစခင် Camera Ladyက Smart Card လိုက်ဝေပေးသည်။ ကိုယ်ပိုင်
Smart Cardတွေ။"အစ်မတို့ ဒီနေ့ လုပ်မယ့် Meetingမှာ အပိုင်း
၃ပိုင်း ပါတယ်။ အခု ပထမဆုံးက အစ်မတို့
Teamရဲ့ Structureပိုင်းကို ရှင်းပြပါမယ်
ဂျင်းနီ"Camera Ladyနာမည်က ဂျင်းနီပင်။ ဒေါ်ခွန်း
နာမည်ခေါ်လိုက်သည်နှင့် Fileအကြည်တစ်ခု
စီကို လိုက်ဝေပေးသည်။ Teamရဲ့ Authority Pyramid ပင်။
STAI LEGGENDO
PRO ||Season One||
Storie d'amoreBL Romance,Drama and other age limited feelings အချစ်ဆိုတာ PROဆန်စရာလည်းမလိုပါဘူး နောက်ပြီး ကိုယ့်အချစ်က ကောင်းလှချည်ရဲ့ဆိုပြီး PROmotion ဆင်းပြီးချခင်းပြစရာလည်း မလိုပါဘူး။ ဒါဆို တကယ်တမ်း ဘာလိုအပ်တာလဲ?