"ကိုဇက်"
"ဗျာ!"
အလန့်တကြားထူးပြီးမှ ကိုယ့်ကိုကိုယ် မလုံစွာ
ခေါင်းငုံ့ ခေါင်းကုတ် လုပ်တော့ Stylistများ
ရယ်ပွဲဆင်ကြသည်။ဘယ်လိုကနေ ဘယ်လို ထူထဲသွားမှန်း မသိသော
ဆံပင် ထူအုပ်အုပ်များတွင် ဖြူဖွေးနေသော
ဦးရေပြားကို လှစ်လျပ်ပြထားသော ခွဲကြောင်းရာ မရှိတော့ သည့်နည်းတူ ရှိစုမတ်စု ခန့်ညားမှု
ဆိုတာလေးလည်း ကြက်ပျောက်ငှက်ပျောက်။ကိုင်ကြည့်ချင်စရာကောင်းလောာက်အောင် နက်မှောင်နေသော ဆံပင်ထူ အိအိများသာ ရှိနေတော့သူကို ကြည့်ပြီး ကြိတ်ပြီး အကျေနပ်
ကြီး ကျေနပ်မိသည်။ ဒါကြောင့် ဒေါ်ခွန်းအမြင်
ကို အားလုံးက ယုံကြည်ကြတာကိုး။အရောင်ကင်းမဲ့သောမျက်လုံး လဲ့လဲ့များနှင့် ငေးကြည့်နေသော ပဒိုင်း အဲ ညီ အတွက် အနွေးထွေးဆုံး အပြုံးဖန်တီးပေးလိုက်တော့သည်
တစ်နည်းအားဖြင့် ဇိုင်းဇက် ရူးသွပ်ရသော နေကောင်းမြတ်သူ အတွက်ပေါ့။ နဘေးမှာ
ဝန်းရံထားသော cameraတွေသည်လည်း Auto sensor တပ်ထားသည့်ပမာ ကိုယ်တို့
နှစ်ယောက် ဆုံပြီဆိုသည်နှင့် တဖြတ်ဖြတ် လက်လာတတ်၏။Cameraအပေါင်း ခညောင်းကာ မီးထိန်ထိန်
သာနေသော အခန်းထဲတွင်သွားတက်တစ်ဖက်ကို မီးရောင်အောက်တွင် တဖြတ်ဖြတ်လဲ့နေအောင် ပြုံးရွှင်နေတော့၏။ ပထမဆုံး ရိုက်ရသည်မှာ
နားကပ်တပ်ပေးသည့် အခန်းမှ နှစ်ယောက်ဆင်
တူ Black & White coupleစတိုင်။ပန်ကာတွေ Air coolerတွေကြားမြှုပ်ထား
လို့သာ တော်တော့သည်။ Sceneပေါင်းရာချီအောင်ရှိနေသော
Seriesတစ်ခုတွင်Sceneတစ်ခုချင်းစီအတွက် အဝတ်တွေလဲလိုက်ချွတ်လိုက် နဲ့ လုပ်ရတာ လွယ်တဲ့ အလုပ်တော့မဟုတ်။
မီးထိုးမှန်ထိုးကြား ချွေးတစို့စို့နှင့်။ အဝတ်မလဲ
ခင် လည်း ချွေးထွက်နေသော မျက်နှာပြင်တွေ
ကို အဝတ်ပိုင်းနှင့် ဝိုင်းဖိပုတ်ပေးကြ။ ကျောပြင်
ထဲထိ ပန်ကာသေးလေးတွေ မှုတ်ပေးကြရနှင့်သူ
တို့ ကြားထဲနေပြီး...
အခုမှ ကိုယ့်ကိုကိုယ် မင်းသားတစ်ယောက်ဆို
တာမျိုး စိတ်ဝင်လာသည်။"ဒီဟာ ပြီးရင် Shirt တွေ ခဏနားမယ်
ကလေးတွေ ပူတယ်။ ပေါ့ပေါ့ပါးပါး ရှိတဲ့ အဝတ်
တွေ နဲ့ အရင်ရိုက်ရအောင်"
BINABASA MO ANG
PRO ||Season One||
RomanceBL Romance,Drama and other age limited feelings အချစ်ဆိုတာ PROဆန်စရာလည်းမလိုပါဘူး နောက်ပြီး ကိုယ့်အချစ်က ကောင်းလှချည်ရဲ့ဆိုပြီး PROmotion ဆင်းပြီးချခင်းပြစရာလည်း မလိုပါဘူး။ ဒါဆို တကယ်တမ်း ဘာလိုအပ်တာလဲ?