"Rain...နင်အဆင်ပြေလား?"
သမုဒ္ဒရာ အသံတွင် ရှိုက်သံတွေ ပါနေ၏။ ဒီကောင်မလေးကွာ စိတ်ပျော့လိုက်တာ။
"အင်း...ငါ ဘာဖြစ်လို့ ဖြစ်နေမှန်းတောင်မသိ
တော့ပါဘူးဟာ။ ငါ တကယ် ညီ ကို နားမလည်
နိုင်တော့ဘူး။ သူ ဘာဖြစ်နေတာလဲ ဟမ် နင်တို့
သိလား နင်တို့တွေ့နေတာ သူ့ပုံရိပ်အမှန်မဟုတ်ဘူးဆိုတာ"Grace ခေါင်းညိတ်သည်။ ကိုယ် အံ့သြရတော့၏။
Dancing Room ထဲ ကိုယ်တို့ သုံးယောက်
သာရှိသည်။ Lineပေါ်က Videoကြောင့် ကိုယ်
တို့ အတန်းတွေလည်း ဖျက်ထားလိုက်ကြ၏။
ညီ တစ်ယောက်တော့ အခန်းထဲဝင်သွားတာတွေ့
တည်းက ကိုယ် အခန်းထဲ မဝင်ဖြစ်တော့ဘဲ
လူရှင်းနေသော Dancing Roomထဲသာလာနေလိုက်သည်။သမုဒ္ဒရာနှင့် Grace နှစ်ယောက်လုံး ကိုယ်ရှိရာ
လိုက်လာတယ်ဆိုတည်းက တစ်ခုခုတော့ ပြောစရာရှိနေပြီ။"အခုက P'Nine ဂစ်တာတီးလို့ ဖြစ်တာဆိုဟုတ်လား?"
ကိုယ် ခေါင်းညိတ်ပြလိုက်ရသည်။
"သူဘာလို့ ဒီဂစ်တာကို တစ်ချိန်ကုန်တီးနေ
လည်း ငါစဉ်းစားမရဘူး။ သူ မအိပ်တာ
ဘယ်နှစ်ညရှိနေပြီထင်လဲ? ငါလည်း အိပ်ရေးပျက်တယ်ဟ""သူ တီးမှာပေါ့...အဲ့နေ့က ဂီတဆရာ ပြော
တာတွေကို ဘယ်သူ ခံနိုင်မှာလဲ?"Grace ပြောနေတာ နားမလည်။ ကိုယ်တို့
ဂီတချိန်မတက်ရတာ...မဟုတ်ဘူး ကိုယ်ပဲ
ဒီတစ်ပတ် ဂီတချိန်လွတ်သွားတာ။"အဲ့နေ့က ဂီတဆရာက စေတနာဒေါသဆိုတာ
ထက် ပိုပါတယ်ဟာ ပြောတာတွေက...အမှန်က
ငါတို့နဲ့ အသက်ဘယ်လောက်မှ ကွာတာလဲမ
ဟုတ်ဘဲ။ သူ့ဘာသာသူ သြဇီက Diplomaရ
တာ ရတာပဲ...ခုမှ စသင်နေတဲ့ လူကို မပြောသင့်
တဲ့ စကားတွေ ပြောတယ်ဟာ""ဘာ ! အဲ့ ဘဲ က ညီ့ ကို ဘာတွေပြောလိုက်တာလဲ"
"အေး...ငါ ထင်တယ်။ အဲ့နေ့က နင်သာရှိရင်
အဲ့ ဆရာကို ထထိုးမယ်ဆိုတာ။ တော်တော်လွန်
တယ်ဟာပြောတာတွေက...""ဘယ်လိုတွေ ပြောတာလဲ?"
Grace သက်ပြင်းချသည်။ သမုဒယကတော့
"ပြန်ပြောရမှာတောင် အားနာတယ်" ဟုခပ်တိုးတိုး
ဆိုပြီးမှ ပုံမှန်ထက် နိမ့်သော အသံဖြင့်ပြောပြ၏။
YOU ARE READING
PRO ||Season One||
RomanceBL Romance,Drama and other age limited feelings အချစ်ဆိုတာ PROဆန်စရာလည်းမလိုပါဘူး နောက်ပြီး ကိုယ့်အချစ်က ကောင်းလှချည်ရဲ့ဆိုပြီး PROmotion ဆင်းပြီးချခင်းပြစရာလည်း မလိုပါဘူး။ ဒါဆို တကယ်တမ်း ဘာလိုအပ်တာလဲ?