ဘန်ကောက်...ဈေးဝယ်ထွက်လို့အကောင်းဆုံးနေရာ။
မိုးရာသီဆို နန်းတော်ထဲထိ ရေဝင်ဖူးတဲ့ ဒီမြို့သေး
သေးလေး။ ဟောကိန်းတွေထဲက ပင်လယ်ရေ
အောက်ထဲ မြှုပ်မယ့်ထဲ ပါတဲ့ ဤ မြို့ငယ်ကို
ကိုယ် သဘောကျတယ်။ဆိုင်ကယ်တွေ သုံးဘီးတွေ အသံစွာစွာတွေ Street Food လှည်းတွေ၊လမ်းပေါ်မှာ လွင့်
နေတတ်တဲ့ အသားကင် ညှော်နံ့တွေ၊နောက်ပြီး
မြို့လယ်ခေါင်က မျက်နှာမည်းကြီးလေးမျက်နှာ
နှင့် ဗြဟ္ဗာကြီးကို မည်းတူးနေသော မုန့်
မျိုးစုံနဲ့ လာဘ်ထိုးပြီး ထီနံပါတ်တောင်းနေကြသူ
တွေ။ မုန့်တွေပေါ်မှာလည်း ယင်မည်းကြီးတွေ
တဝီဝီနဲ့။
ထိုင်းတွေက တကယ်ရိုးတယ်။ လိုချင်တာတွေ
ကို တောင်းတတ်တဲ့ ကလေးတွေ နဲ့တူတယ်။
မြန်မာတွေနဲ့ နီးစပ်တဲ့ အဲ့လိုအပြုအမူတွေကို
ကျွန်တော် သဘောကျတာ။သူ့ဘာသာသူသေသွားတဲ့ အဆိုတော်လည်း
အေးဆေးမနေရ။ပုဝါတွေဆက်ပြီးလိုရာတောင်းကြ။နာမည်ကြီး
ဗိုက်ကြီးသည် သရဲမဆီသွားပြီးလည်း ထီနံပါတ်
တောင်းကြ။ ပုယောင်းခဲတစ်ခဲကိုင်ပြီး သစ်ပင်ကို
ပွတ် ပေါ်လာတဲ့ နံပါတ်လိုလို ရေးတေးတေးတွေ
ကို အတိတ်ကောက် ထီထိုး။ အဲ့နတ်နန်းတွေမှာ
လူ ပြတ်တယ်လို့ကို မရှိဘူး။ ဒါတွေကို ကိုယ့်သမီးကို လိုက်ပြလိုက်တယ်။
ဒီတစ်ခေါက်ကိုယ့်ရဲ့ Collection Titleက
အတိတ်ကောက်သူများ ။ရောက်တဲ့နေ့တည်းကအဆောင်ခန်းတစ်ခန်းငှား
ပြီးနေတယ်။
ကိုယ် ဘာလုပ်လဲ ? ဂျပန်သွားစဉ်ကသေချာကို
ရွေးဝယ်လာသော ကိုယ့်သမီး YukiChan
ကို ပွဲထုတ်တယ်။ ကျွန်တော့်ရဲ့၅ ယောက်မြောက် သမီး YukiChanလေးကို လည်ပင်းမှာ သိုင်းချိတ်။ Lensမျိုးစုံထည့်ထားသောကျောပိုးအိတ်
တစ်လုံးလွယ်ပြီးတစ်နေကုန်မြို့ပတ်တယ်။
Street Food မျိုးစုံစားတယ်ရောင်းနေတဲ့ ကလေးမလေး ချောရင် ကိုယ်
နည်းနည်းကြောင်တယ်။ အပျင်းပြေတယ်လေ
ကောင်မလေးတွေကလည်း မြန်မာကောင်လေးဆို စိတ်ဝင်စားတယ်။ မုန့်တွေ ပိုထည့်ပေးတယ်
ဒါ ဘန်ကောက်မြို့ ထဲမို့ ချင်းမိုင်သူတွေကတော့
မြန်မာဆို ခပ်ခွာခွာပဲ နေတယ်။

ESTÁS LEYENDO
PRO ||Season One||
RomanceBL Romance,Drama and other age limited feelings အချစ်ဆိုတာ PROဆန်စရာလည်းမလိုပါဘူး နောက်ပြီး ကိုယ့်အချစ်က ကောင်းလှချည်ရဲ့ဆိုပြီး PROmotion ဆင်းပြီးချခင်းပြစရာလည်း မလိုပါဘူး။ ဒါဆို တကယ်တမ်း ဘာလိုအပ်တာလဲ?