စားသောက်ဆိုင်တစ်ခု။ အထက်တန်းလည်းမဟုတ်
ပေမယ့် အလယ်အလတ်တန်းထဲတွင်တော့ တော်
တော်လေး အဆင့်မြင့်သည်ဟု ပြောရမည်။
ကိုယ်တို့ ရောက်သည်နှင့် ထိုင်းရိုးရာဝတ်စုံဝတ်
ဆင်ထားသော ဧည့်ကြိုကောင်မလေးသည် အပေါ်ထပ် အခန်းများရှိရာသို့ ခေါ်သွား၏။အသံလုံအခန်းရှေ့ တံခါးဖွင့်လိုက်သံနှင့် ရယ်မော
သံ ။ ထိုင်းစကားသံ၊ သီချင်းဆိုသံတွေ ပွင့်အံ
ထွက်ကျ ဆီးကြိုသည်။
နောက်ကျသွားတာ မဟုတ်ပေမယ့်ကြိုရောက်နှင့်
ကာ ပွဲစထားမှုကြောင့် သူတို့က အရှိန်ရနေပြီ။Ygnက M3 လိုပါပဲ။ ပိုထူးခြားတယ်ရယ်လို့
မရှိဘူး။ LCD TV ပြားနှင့် ကာရာအိုကေစက်။
နည်းနည်းမှောင်ကျနေသော အပြင်အဆင်ထဲ ရောင်စုံ စလိုက်မီးတွေ။ ခုံတန်းရှည်ပေါ်မှာတော့
အမြည်းမျိုးစုံနှင့် ထောင်နေလဲနေသော ပုလင်းနှင့်
ဗူးတစ်ချို့။ကိုယ်တို့အထဲရောက်သည်နှင့် ဆိုလက်စသီချင်း
ကို ရပ်ကာ ကိုယ်တို့ထံလာသူကို မြင်တာနှင့်
make up artistမှန်းသိသည်။ ကိုယ် နှင့်
ကိုဦးကြား ရပ်လျက် ကနုကယင် အပြုံးနှင့်"Tell me sweet heart, who is Z?"
ဟူ၍ အထာကျကျမေး၏။တွေ့နေကျ Artistတွေပုံစံလို့
ထင်ရင်မှားမည်။
အနားကပ်တာနှင့် ချိုအီအီရေမွှေးနံ့နှင့် အချိုးကျ
သော Body shapeက သူ့ကိုယ်သူ
အဆင့်မြှင့်ထားသော ဂုဏ်တွေပင်။"I'm"
ကိုယ်ဖြေလိုက်သည်နှင့် ကိုယ့် မျက်နှာကို သေချာ
ကြည့်သည်။ Jawline ကို ခပ်ဖွဖွကိုင်ပြီး ဟို
ဖက်ဒီဖက် လှည့်ကာ ကြည့်ပုံက သူဆေးခြယ်မည့် ကျောက်ဖြူရုပ်ထုတစ်ခုကို ကြည့်နေသလိုပင်။
"မြန်မာတွေချောရင် ဘယ်နိုင်ငံမှ မမီဘူး။ ဓာတ်ပုံ
ထဲကထက် ပို ခန့်နေတယ်။ နောက်ပြီး ပန်းသီး
စိမ်းနံ့။ ငါ့ ကိုဇက်ကို အရှင်လတ်လတ်တွေ့လိုက်
ရသလိုပဲ...မင်းသိလား၊ နေကောင်းသာမရှိရင်
ကိုဇက် က ငါ့အပိုင်"ဟမ်! ကိုယ်ရော Mr.Sunဦး ပါကြောင်အသွား
၏။ ခုနက သူဆိုနေတာ ထိုင်းသီချင်း။ စစချင်း
လာပြောတာက English...အခုပီပီသသကြီး
ထွက်လာတာက မြန်မာစကား။ အိုဘယ့်လေဒီ
ဟိုက်ရှားပါးပဲ။
YOU ARE READING
PRO ||Season One||
RomanceBL Romance,Drama and other age limited feelings အချစ်ဆိုတာ PROဆန်စရာလည်းမလိုပါဘူး နောက်ပြီး ကိုယ့်အချစ်က ကောင်းလှချည်ရဲ့ဆိုပြီး PROmotion ဆင်းပြီးချခင်းပြစရာလည်း မလိုပါဘူး။ ဒါဆို တကယ်တမ်း ဘာလိုအပ်တာလဲ?