အပိုင်း ၁၇

36.6K 4.2K 65
                                    

Dancing တန်းက ဆင်းတော့ လူတွေဆိုတာ
ကိုင်ရိုက်ထားသလိုပင်။ မသိရင် ကရာတေးဒို
ဆော့လာသလိုထင်ရလိမ့်မယ်။

အကြောလျှော့ထားတဲ့ ပေါင်တွေက ကွချင်နေ
သည်။ ညဖက်ဆို ပိုဆိုးလိမ့်မည်။ Dining
Room ကို လှေကားထစ်တွေအတိုင်းဆင်း
လာရတာတောင် မနည်းအားတင်းထားရ၏။
ဟင်းကတော့ မဆိုးပါဘူး။ ကြက်သားအကြွပ်
ကြော် နှင့် တုံယမ်းဟင်းချို။ နောက်ပြီး အစိမ်း
ကြော်။

ပဒိုင်းသီးသည် ကြက်သားကြော်ကိုမထည့်။ အစိမ်းကြော်နှင့် ပဲပြားလှိုင်ပေါလယ်အောင်ထည့်
ထားသော တုံယမ်းဟင်းချိုသာ ယူလာသည်။
အားလုံး ညည်းညူနေကြသော်လည်း သူက
ခပ်အေးအေးပင်။

"Mr.Sunဦး လေ့ကျင့်ခန်း လုပ်ထားတာလား
အကြောတွေ ပျော့နေတယ်"

"အင်း ကိုယ် Gymနေ့တိုင်းဆော့ဖြစ်တယ်"

"Wow!! ချောကလက်တွေ ရှိနေပြီလား"

"မိုခါးပေါင်မုန့်တွေ ဘာတွေ"

သမုဒ္ဒရာနှင့် Grace က တကယ်မလွယ်ကြော။
အဖွဲ့ထဲ ပွဲအဆူဆုံးပင်။ Loyဆိုသည်မှာလည်း
တစ်ရက်လောက်နဲ့တင် သူတို့ အရုပ်ဖြစ်နေပြီ။
Grace ကတော့ ထားပါ။ ကိုယ်တွေထက်ကြီး
လို့ Loyကို အငယ်ဆိုပြီးနိုင်စားတာ။ သမုဒ္ဒရာ
ကပါ ဆင်ဖြူတော်မှီပြီး ကြံဝင်ချိုးနေတာ Loy
လည်း သူတို့နှစ်ယောက်လက်ထဲ ခပ်မျော့မျော့ပဲ
ကျန်တော့သည်။ အဲ့ကောင်လေးကလည်း အနိုင်
ကျင့်သလောက် တခစ်ခစ်နဲ့ ငြိမ်ခံတတ်တော့
ကိုယ်က မနေနိုင်မထိုင်နိုင် ဝင်ပြောရသည်။

ခုလည်း ကြည့်

"Loy...ပူကျူးလေး ဟိုနားမှာ IC တစ်ခွက်
လောက် သွားဝယ်ပေး။" ဟူ၍ Graceတစ်
ယောက် ကလေးကို စခိုင်းသည်။ နောက်က
သမုဒ္ဒရာကပါ လိုက်၍

"ဒီချစ်မမအတွက် ပါ တစ်ခွက်ဆွဲခဲ့။" ဟူ၍ ကြံဝင်
စုပ်ပြန်သည်။

"ကျန်တဲ့လူတွေရော ဘာသောက်ဦးမလဲ။ Grace တိုက်မယ်"

"ကိုယ်က Americano, ညီ က IC
Mr.Sunက Coke , အစ်မ မြိုင်ကလေးက
Ice Tea တစ်ခွက်။ သယ်ရမှာတွေများလို့ ဂရိတ်စိန်ပဲဖြစ်ဖြစ် သမုဒ္ဒရာပဲ ဖြစ်ဖြစ် လိုက်သွား
ပေးလိုက်လေ"

PRO ||Season One||Where stories live. Discover now