အပိုင်း ၂၉

35K 4.4K 328
                                    

လက်ဆွဲလျက်သားကြီးနှင့် လှေကားပေါ်မှ ဆင်း
လာသော ကိုယ်တို့နှစ်ယောက်ကို P'Pim က
တအံ့တသြကြည့်နေသည်။

"P'Pim ကျွန်တော့် ကို ဆိုင်ကယ်ခဏငှားပါ"

"ဘယ် သွား မလို့လဲ ညီ? မင်း တို့ ကို အပြင်
မထွက်ခိုင်းဘူးလေ?"

"Pls P...ကျွန်တော်တို့ အရေးကြီးလို့...စိတ်ချ
ပါ"

ဆိုင်ကယ်ပေါ်နေထားတကျ ခွထိုင်ရင်း ပြန်ကြည့်
သည်။

"တက်လေ!"

မသိတော့ဘူးကွာ။

သူ့နောက်ခုံတွင် တက်ထိုင်ရင်း ခါးသိမ်သိမ်ကို
သာ ဖက်ထားလိုက်မိသည်။ နောင်လည်း ဖက်
ရမယ့် အတူတူတော့ ခုတည်းက ကျင့်သားရ
အောင် ဖက်ကြည့်ထားလိုက်သည်။ သေးလိုက်တာ ခါးလေးက...

ကားကြို ကားကြား ထဲ လေတဟူးဟူးနှင့် ဆိုင်ကယ်စီးရတာ အသည်းယားစရာ။ အမှန်ပြော
ရင် ကိုယ် ဆိုင်ကယ်မစီးတတ်ဘူး။
ညီကတော့ မထင်ရဘူး လူသေးသလောက် ဘယ်
လိုတောင် အမောင်းကြမ်းတာ။ ဒိုင်နာကားမောင်း
နေသလားထင်ရ၏။

လင်းထိန်နေသော မုခ်ဦးတစ်ခုအောက် ဆိုင်ကယ်ထိုးရပ်သည်။ အရေးပေါ်ကားတွေ
ပြေးလွှားနေသော ဆရာဝန်တွေ နှင့် Nurse
တွေ။ Auto ဖွင့်သွားသောတံခါးနောက်ခြေတစ်
လှမ်းဝင်လိုက်သည်နှင့် ပိုးသတ်ဆေးနံ့ကို ရ၏။

Reception မှ Nusreမလေးကို Sa Wa
De Ka လုပ်တော့ Nurseမလေးမှာ ကိုယ်တို့
၂ယောက်ကို မြင်မြင်ချင်း အံ့သြသွားပုံရသည်။

Nurse ညွှန်ပြသော အခန်းသည် ဆေးရုံ၏
ဒုတိယထပ်တွင်ရှိ၏။ သူ အခု ဘယ်သူ့ဆီကို
သွားနေတာလဲ မသိသေး။ သူ့နောက်မှသာ ဖြည်း
ဖြည်းချင်း လိုက်လာရင်း သူရပ်သွားသော အခန်း
ရှေ့ ကိုယ်ပါ ဘေးချင်းယှဉ်ရပ်လိုက်ရသည်။
မှန်ကွက်ထဲမှတစ်ဆင့် မြင်နေရသော မြင်ကွင်း
က မချိဖွယ်။ ခါးရိုးခွဲထားဟန်ရှိသော အမျိုးသမီး
ကြီးသည် နွမ်းလျစွာ အိပ်မောကျနေသည်။
ဖွေးဆွတ်နေသော အသားအရည်သည် အားနည်းမှုနှင့် ပေါင်းစပ်ရင်း ဖျော့တော့ခြင်းဖက်
သိသိသာသာ လုနေ၏။

"ငါ Auditionမဝင်ခင်က Mae'ရေချိုးခန်းထဲ
မှာ ချော်လဲတယ်။ ပေါင်ရိုးကျိုးသွားတယ်။ နောက်
ပြီး ခါးရိုးမကြီးထဲ အာရုံကြောတွေ ညပ်သွား
တယ်...Operationစရိတ်တွေ အကုန်မတတ်
နိုင်လို့ Mae' လမ်းပြန်လျှောက်နိုင်အောင်ပဲ
အရင် လုပ်ရတယ်။ ကျိုးသွားတဲ့ ပေါင်ရိုးကို စတီး
ရိုးထည့်ရတယ်။ Mae'မှာ ဆီးချိုရှိလို့ မခွဲခင်
ဆေးရုံမှာ နေပြီး ဆီးချို အခြေအနေစောင့်ကြည့်
ရသေးတယ်"

PRO ||Season One||Where stories live. Discover now