အပိုင်း ( ၁၁ )
" သခင်လေးနားပါဦး အရမ်းပင်ပန်းနေတော့မယ် "
" မြားပစ်လေ့ကျင့်ပြီးမှနားမယ် အထိန်းတော်ကြီးတို့
မစောင့်ပါနဲ့တော့ "" မဟုတ်တာ သခင်လေးကိုစိတ်မချပါဘူး "
" ဟားး စိတ်ချပါ ဒီကန့်သတ်ထားတဲ့ နန်းဆောင်ထိ
သူတို့ဝင်လာပြီးရန်မပြုရဲလောက်ပါဘူး Chenဒီလောက်
မလွယ်တာ အကုန်လုံးကိုပြထားပြီးပြီမို့ "အမှန်တကယ်လည်းChenကိုဘယ်သူမှ
လာမထိရဲတော့ပါ စကားယှဉ်တာပဲဖြစ်ဖြစ်
ဥာဏ်ပညာအရပဲဖြစ်ဖြစ်ယှဉ်မရလေတော့သို့သော်ရှင်ဘုရင်မရှိချိန်အတွင်း Chenကို
ရန်ပြုလိုသူတို့ကတော့ အရှိန်မသတ်သေး
ဘယ်နည်းနဲ့မဆို ကြင်ယာတော်ဂုဏ်ပုဒ်ကို
ဖြုတ်ချပစ်ချင်သည် အရှင့်အနားကဖယ်ထုတ်
ပစ်ချင်သည့် ဆန္ဒကို ဘယ်အရာနဲ့မှငြိမ်းနိုင်
မည်မဟုတ်ပေ" မယ်တော် ဒီတိုင်းပဲကြည့်နေတော့မှာလား အရာအားလုံး
စွန့်ပစ်ပြီးတော့ပဲဖြစ်ဖြစ် အဲ့ဒီ့ကြင်ယာတော်ကိုရှင်းပစ်ချင်
တယ်"" သတိထား ချွေးမတော် မင်းရဲ့အတွင်းစိတ်ကို အရှင်မင်း
ကြီးမသိစေနဲ့ အဲ့အချိန်ကျရင် မယ်တော်လည်းကယ်တင်နိုင်
မှာမဟုတ်ဘူး အချိန်တန်ရင် မင်းကြီးကိုယ်တိုင် ဖယ်ထုတ်
ပါစေ အဲ့လိုဖြစ်အောင်လည်း ငါလုပ်မှာ စောင့်နေလိုက် "" ဘယ်ချိန်ထိလဲ မယ်တော် ဒီလောက်ဒေါသကြီးတဲ့မင်းကြီး
က ကြင်ယာတော်ရှေ့ရောက်ရင် မီးကိုရေနဲ့ငြိမ်းလိုက်သလို
ပဲတဲ့ ပန်းပွဲတော်မှာထဲက အားလုံးအသိပါ အရှင်က
အကအလှတွေကို တစ်ချက်မှမကြည့်အားပဲ တစ်ချိန်လုံး
ကြင်ယာတော်ကို စိုက်ကြည့်နေခဲ့တာ တစ်ခါမှမတွေ့ဖူးခဲ့
တဲ့ အရာတွေလေမယ်တော် ဒါနဲ့တောင်ဘယ်လိုလုပ် အရှင်
ဖယ်ထုတ်တဲ့ထိ စောင့်စေချင်ရတာလဲ "" ဒါဆို နည်းလမ်းရှိလား Chenကိုအပြတ်ရှင်းဖို့ "
" သိပ်ရှိတာပေါ့မယ်တော် ကျမလွှတ်ထားတဲ့အတွင်းလူ
ပြောစကားအရဆိုရင်ပေါ့ ဟင်းး ဟင်းး "********
********
********
" ကြင်ယာတော်နန်းဆောင်ကို ဝင်စစ်ကြစမ်း "

YOU ARE READING
အဆိပ်သင့်ကြင်ယာတော် (Z&U)
Fanfictionအို မိုးနတ်မင်း......... အရှင့် အချစ်ကိုခွဲဝေယူရတာ ဒါနောက်ဆုံးသော ဖြစ်ပါစေ။ ကြင်ယာတော်Chen အို မိုးနတ်မင်း......... ချစ်ရသူအစစ်အမှန်သူ့ထံသာ ချစ်ခြင်းအကုန်ပေးဆပ် ခွင့်ရသူဖြစ်လို၏။ Zhang ဘ...