တစ်ဦးတည်းသော

306 22 0
                                    

အပိုင်း ( ၁၈ )

ရင်ထိတ်စွာနဲ့နောက်တစ်ခွန်းထပ်မေးမိတယ်

" သိလားလို့ မေးနေတယ် "

" သိတာပေါ့ သခင်လေးရယ် ဒီလောက်ထင်ရှားနေတဲ့
သခင်လေးပုံရိပ်က ကစားပွဲရုံကလူအိုတွေကြားမှာ
တကယ့်ကို ပန်းလေးတစ်ပွင့်အလား အေ့ "

ထိုလူကြီး ပါးစပ်ဟလိုက်တာနဲ့ အရက်နံ့
တွေ တထောင်းထောင်းထနေတာကြောင့်
Chenနှာခေါင်းရှုံ့မိသည် ......

" ဟူးးး အရူးကတစ်မျိုး "

" သခင်လေးက ဘယ်အိမ်တော်ကများလဲ ဒါတွေထားပါ
ဘယ်ကပဲ ဖြစ်ဖြစ် ကျုပ်နှလုံးသားက ဂရုစိုက်မှာမဟုတ်
တော့ဘူး ကြည့်ရတာသခင်လေးလဲ အေ့......
ကျုပ်လိုပဲမလား "

" ဟုတ်ပေမဲ့ ကျုပ်မှာပိုင်ရှင်ရှိနှင့်ပြီ စိတ်မကောင်းပါဘူး "

" ဘယ်ကဟာမလဲ ကျုပ်ဖြေရှင်းပေးမယ် အခုတော့
ကျုပ်ကိုအခွင့်ရေးပေးပါ "

လက်ကိုအသာဆွဲပြီး တဖြည်းဖြည်း
ရင်ခွင်ထဲဆွဲသွင်းကာ အပိုတွေလုပ်
ကြင်နာပြနေတဲ့ လူကိုဒေါသထွက်နေ
ပေမဲ့ ထပ်ရုန်းကန်မနေတော့ အနည်းဆုံး
တော့ ကိုယ့်ကိုသဘောကျပေးတဲ့သူ
ရှိနေသေးတာပဲလေ စိတ်ပျက်စရာပုံ
အလွန်အကျွံပေါက်နေပေမဲ့

" ဟက် ကျုပ်လူသာသိရင် ခင်ဗျားတော့ ခေါင်းဖြတ်ခံရ
မလားမသိဘူး "

" သခင်လေးကနောက်ပြောင်ပျော်ပါးတတ်သေးတာပဲ
ဟားးးဟားးး အဲ့လိုလူဆိုးမျိုးမြန်မြန်သာ ဖယ်ထုတ်လိုက်ပါ
ကျုပ်တသက်လုံး အလောင်းကစားလုပ်ပြီးရှာကျွေးပါ့မယ် "

" ဟားး ဟားး လူဆိုးတဲ့လား ဟုတ်တာပေါ့ တကယ့်ကို
ယုတ်မာတဲ့မကောင်းဆိုးဝါးလူဆိုး "

" Chen "

ရုတ်တရတ်ထွက်ပေါ်လာတဲ့ခေါ်သံကြောင့်
လန့်ဖြန့်ပြီး Chenလူဝကြီးရင်ဘတ်ကိုတွန်း
ဖယ်လိုက်မိတယ်
နဘေးကလူကြီးလည်းအစက ပြန်ရန်လုပ်ဟန်
ပြင်နေပေမဲ့ နောက်လိုက်ငယ်သားတချို့နဲ့
အရှိန်ဝါအပြည့်နဲ့လူကိုကြည့်ပြီး အလိုလိုငြိမ်ကျ
သွားပါတယ်

" အ အရှင် ဘယ်လိုလုပ် "

" ရုတ်တရတ်မကောင်းဆိုးဝါးတွေ့သလို ဘာလို့လန့်နေရ
တာလဲ တကယ်တွေ့နေရလို့လား ......... "

အဆိပ်သင့်ကြင်ယာတော် (Z&U)حيث تعيش القصص. اكتشف الآن