ကံဆိုးသူ {warning}

551 27 0
                                    

အပိုင်း ( ၂၂ )

နန်းတော်တစ်ခုလုံးမယ်တော်ကြီးသေဆုံးမှု
ကိုပဲစိတ်ဝင်စားနေကြတယ် တကယ်ပဲအဆိပ်
သင့်တာဆိုရင် အရှင်ကရော ကြင်ယာတော်ကို
ဘယ်လိုအပြစ်မျိုးပေးမလဲ သေဒဏ်ချမှတ်နိုင်ပါ့
မလားဆိုတာမျိုးပေါ့

" သခင်လေး အရှင့်ကိုသွားရှင်းပြလိုက်ပါ အဆိပ်မဟုတ်ပါဘူးလို့ ဒီတိုင်းထိုင်မနေပါနဲ့ လူတွေက
အပြစ်ကြီးကြီးပေးစေချင်နေတာ မသိဘူးလား "

" ဟုတ်ပါတယ် တစ်ခုခုတော့လုပ်ရမယ်မလား "

" တကယ်ပဲအဆ်ိပ်မဟုတ်ပါစေနဲ့ "

သမားတော်တွေ အလောင်းစစ်ဆေးရးအဖွဲ့
တွေမယ်တော်ကြီးကိုစစ်ဆေးနေတုန်း
Chenကိုတော့ နန်းဆောင်မှာအကျယ်ချုပ်
ထားဖို့ အရှင်ကအမိန့်ထုတ်ထားတယ်လေ

Chenကတော့ကြိုသိနေပါတယ် နဘေးက
အစေခံတွေသူ့ကိုစိုးရိမ်တကြီးဆုတောင်းပေး
နေပေမဲ့အရာမရောက်ဘူးဆိုတာ တကယ်ပဲ
မယ်တော်ကြီးက အဆိပ်သင့်ထားတာကိုး

.

" အရှင်မင်းကြီးကြွချီလာပါပြီ "

" စစ်ဆေးပြီးပြီမလား ဘာတဲ့လဲ "

" မယ်တော်က အချိန်မတန်ခင်ကွယ်လွန်သွားပြီ
တကယ်ပဲ အဆိပ်သင့်ပြီးတော့ "

" အဆိပ်သောက်ပါတယ်ဆိုမှ အဆိပ်ဒဏ်ခံစားရပြီပေါ့
ကျွတ် သနားစရာပဲ "

" ဘာလို့လဲ မာန်မာနကြီးလွန်းတဲ့ ငါ့မယ်တော်က မင်းကို
ခေါ်တွေ့တောင်းပန်တာပဲလေ ကျေနပ်ပေါ့ ဒါနဲ့တောင်ဘာလို့ မင်းတိုက်တဲ့လက်ဖက်ရည်သောက်ပြီး အဖြစ်ဆိုးကြုံသွားတာလဲ ရှင်းစမ်း မင်းပြောတာကြားချင်တယ် "

" တကယ်လို့ အရှင့်မယ်တော်ကို Chenအဆိပ်ခတ်တာ
မှန်ရင် သေဒဏ်ပေးမှာလား အော် ဒီရွှေတုံးရှိတာပဲ
chenကိုဘယ်သတ်လို့ရပါ့မလဲ မဟုတ်ဘူးလား "

ဖြောင်းးး

သည်းခံချင်စိတ်လုံးဝကုန်ခမ်းနေတဲ့yixing
ခပ်ရွဲ့ရွဲ့ပြောနေတဲ့ Chenရဲ့ပါးကို လွှဲရိုက်ပစ်
လိုက်တယ် ပြင်းထန်လွန်းလို့ လဲကျရင်းတိုက်မိ
တဲ့ထိုင်ခုံတောင် လွှင့်စင်သွားတဲ့အထိ

အဆိပ်သင့်ကြင်ယာတော် (Z&U)Onde histórias criam vida. Descubra agora