လဝန်းလေးရဲ့နှုတ်ဆက်ချိန်

1.3K 47 15
                                    

အပိုင်း ( ၃၁ )
ဇာတ်သိမ်းပိုင်း

လေးလခန့်ကြာသော်.........
................................

Chenနန်းဆောင်မှာပဲ အရှင်တစ်ချိန်
လုံးကျောက်ချနေတတ်တယ် ဘယ်လို
ပဲနှင်ထုတ်ပြီး ညီလာခံသွားခိုင်းပါစေ
အရှင်ကတော့ပြောမရ တိုင်းပြည်အရေး
ထက် Chenကိုရေချိုးပေး သူ့ကျောပေါ်တင်
ကာ လမ်းထွက်လျှောက်ပေးရတာနဲ့ ထမင်းပုံမှန်
ခွံ့ကျွေးရတာကိုပဲပိုသဘောကျနေခဲ့တယ်

" အာ စပျစ်သီး "

" တော်ပြီ အရှင် စစ်သူကြီးLeeပြန်ရောက်နေတာ
သွားမတွေ့ဘူးလား အခုတလော နယ်စပ်ဒေသတချို့သိမ်းယူ
ခံနေရတယ်ဆို နောက်ပြီး လက်အောက်ခံနိုင်ငံငယ်တွေ
စုပြီး ပုန်ကန်ဖို့ကြံစည်နေတယ်တဲ့ နည်းနည်းလောက်
အာရုံစိုက်ပါဦး "

" ကိုယ်ပိုင်တာအကျယ်ကြီးပါ ဟ ဒါလေးချိုတယ် "

" အရှင် "

" ကျစ်! ဒီလူတွေကတော့ ဘာတွေလျှောက်ပြောနေ
လဲမသိဘူး နောက်ဒီနန်းဆောင်ထဲ အဝင်မခံနဲ့
Chen စိတ်ရှုပ်နေမယ် "

" ဟူးးး အရှင် ဒီလိုကပ်နေတာကမှ စိတ်ရှုပ်ရတာ "

" စပျစ်သီးမစားချင်ရင် Chenကြိုက်တဲ့ ငှက်ပျောသီး
ခွာပေးမယ် ဒါမှမဟုတ် ဒီညတော့ ကိုယ့်... "

" ဟာ အရှင်နော် သွားတော့ အနားမလာနဲ့ နေမကောင်း
တဲ့သူကို "

" ဟားးးး ဘာတွေတွေးနေတာလဲ ကိုယ့်ကိုဆက်သ
ထားတဲ့ထဲမှာ တန်ဖိုးကြီးသရက်သီးပါလာတယ် ယူခိုင်း
လိုက်ရမလားလို့ပြောတာ ဟားးး ဟာား "

" မသိဘူး ဘာမှမစားချင်ဘူး "

ဒီလတွေအတွင်း အရှင်ဘယ်လိုပဲတောင်း
ဆိုပါစေ Chenကတော့အတူမနေပေး
အဆိပ်တွေပြည့်နေတဲ့ ခန္ဓာကိုယ်ကို အရှင့်
ကိုမပေးချင် နောက်တစ်ချက် အရှင်စိတ်ကုန်ပြီး
တခြားမိဖုရားတွေဆီ သွားစေဖို့ ဒါပေမဲ့လည်း
သစ္စာရှင်ခင်ပွန်းက အနားကတစ်ဖဝါးမှမခွာ

အရှင့်ရယ်မောပျော်ရွှင်သံတွေကို နားကနေ
ကြားနေရပေမဲ့ အရှင့်ရဲ့တိတ်တဆိတ်ငိုကြွေးသံ
ကိုတော့ Chenနှလုံးသားက တချိန်လုံးခံစား
နေရတယ်လေ......

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now