အပိုင်း ( ၂၉ )
၂နှစ်ခန့်ကြာသော်............
" Zhang ဧက္ကရာဇ် ကျန်းမာပါစေ
Zhang ဧက္ကရာဇ် အောင်မြင်ပါစေ......"စသဖြင့်ပြည်သူတွေဟစ်ကြွေးနေကြသည်
အချိန်တိုအတွင်း တစ်စတစ်စပြန့်ကျဲနေတဲ့
တိုင်းပြည်ကြီးကို နောက်ဆုံးမှာတော့
ဘုရင်Yixing ပေါင်းစည်းနိုင်ခဲ့ပြီ တိုင်း
ပြည်အကျယ်ဝန်းကို ခန့်မှန်းချက်အရတော့မြေပုံ
ပေါ်ထောက်လိုက်တာနဲ့ ဘယ်နေရာထောက်
ထောက်Yixing သိမ်းပိုက်ထားတဲ့ပိုင်နက်
နေရာတွေချည်းသာဖြစ်သည်" ငါတို့ အရှင်ကတကယ့် စစ်ဘုရင်ပဲ တိုက်ပွဲတိုင်းအောင်
နိုင်တယ် "" တခြားတိုင်းပြည်က ဘုရင်တွေကိုကညံ့ဖျင်းတာပါ
အချိန်ပြည့် ကာမယစ်မူးပြီး အမျှော်မြင်နည်းတာကိုး
ကျုပ်တို့အရှင်ကတော့ တခြားစီတကယ့်ကိုလေးစားစရာပဲ ပြည်သူတွေအတွက်ပဲ စဉ်းစားပေးတယ် "" ဒါနဲ့ ကျုပ်တို့ကုန်အဖွဲ့ နန်းတော်ဝင်ပြီး မင်းတို့အရှင့်ကို
ပဏ္ဏာဆက်သတော့ ထူးဆန်းတာရှိတယ် "" ဘာထူးဆန်းတာလဲ သူဌေးမင်း"
" တိုင်းပြည်တော်တော်များများရောက်တိုင်း ကျုပ်တို့
ကုန်အဖွဲ့ရောင်းဝယ်ခွင့်ပြုဖို့ လက်ဆောင်ပဏ္ဏာဆက်သ
ရတယ်လေ ဒါကြောင့်ဘုရင်တွေအပြင် မိဖုရားတွေကိုပါ
ဆက်သရတယ် ဒါပေမဲ့ ဒီကိုရောက်တော့ မိဖုရားတစ်ပါးမှ
ဝင်ပါတာမတွေ့ရဘူး မိဖုရားခေါင်လဲမရှိဘူးဆို ကြားဖူး
တဲ့အတိုင်း အရှင့်မှာ ဘာအချစ်တော်မှမရှိဘူးလား
ကျုပ်မှာ အလှအပလေးတွေရှိတယ် ဆက်သ......"" ရှူးး သူဌေးမင်းလည်ပင်းပြတ်သွားမယ် "
" ဘာ ဘာလို့လဲ "
" ကျနော်တို့အရှင်ရဲ့အချစ်ရေးက သူ့တိုက်ပွဲတွေလိုတော့
မလှပခဲ့ပါဘူး အရင်က နာမည်ကြီးကြင်ယာတော်Chen
ဆိုတာရှိခဲ့တယ် မြို့စားလည်းဖြစ် စစ်ပွဲတိုင်းမှာအတူယှဉ်
တွဲတွေ့ရတဲ့ လက်ထောက်စစ်သူကြီးလည်းဖြစ်တယ်
ဒါပေမဲ့ အရှင်က နောက်အချစ်သစ်တွေ့သွားတယ်လည်း
ဆိုရော အဆိပ်ပြင်းတဲ့အဲ့ဒီ့ကြင်ယာတော်က ကျနော်တို့
မိဖုရားငယ်နဲ့ မင်းသားလေးကို မီးရှို့သတ်ပစ်လိုက်တယ်
တဲ့ သူဌေးမင်းတွေးကြည့်ပါ အချစ်ဆုံးလူက နောက်အချစ်
ဆုံးလူကိုသတ်ပစ်တော့ အရှင် ဆိုးဆိုးရွားရွားရင်နာရပြီပေါ့ "
ВЫ ЧИТАЕТЕ
အဆိပ်သင့်ကြင်ယာတော် (Z&U)
Фанфикအို မိုးနတ်မင်း......... အရှင့် အချစ်ကိုခွဲဝေယူရတာ ဒါနောက်ဆုံးသော ဖြစ်ပါစေ။ ကြင်ယာတော်Chen အို မိုးနတ်မင်း......... ချစ်ရသူအစစ်အမှန်သူ့ထံသာ ချစ်ခြင်းအကုန်ပေးဆပ် ခွင့်ရသူဖြစ်လို၏။ Zhang ဘ...