အပိုင်း ( ၁၂ )
အရှင်ပြန်လာမည့်သတင်းကခဏအတွင်း
နန်းတော်တစ်ခုလုံးပြန့်နှံ့သွားတော့သည်
ထို့ကြောင့်အကျဉ်းခန်းတွင်ပစ်ထားခံရသည့်
ကြင်ယာတော်ကိုလည်း ဂရုတစိုက်ဆေးကုသ
မှုပြန်ပေးပြီး နန်းဆောင်တွင်သာထားသည်
အရှင်အမျက်ရှလျှင်လည်း ကြင်ယာတော်
စည်းကမ်းဖောက်၍ မယ်တော့်အမိန့်နဲ့အပြစ်ပေး
ခြင်းဖြစ်ကြောင်း ချေပဖို့ကြံရွယ်ထားကြသည်တစ်ပတ်ခန့်အကြာ
အရှင်မင်းကြီးခြောက်လအကြာတွင် စစ်ပွဲနိုင်၍
နန်းမြို့တော်သို့ ပြန်လည်ကြွချီလာခဲ့သည် ထိုနိုင်ငံ
တွင်ကြွယ်ဝပြီးတောင့်တင်းသည့်စစ်တပ်ရှိတာကြောင့် ခန့်မှန်းထားသည်ထက် ကြာရှည်သွားခဲ့ရသည်
အရင်ကတော့ စစ်မြေပြင်တွင် ကျင်လည်ကျက်စားခဲ့ရ
သော်လည်း ကြာညောင်းလှသည်ဟု မထင်ခဲ့မိ ဒီလတွေအတွင်းမှာတော့ စစ်ပွဲကိုအမြန်အဆုံးသတ်ပြီး မြို့တော်ကိုသာပြန်ချင်ခဲ့သည် ထို့ကြောင့် ကိုယ်ရံတော်
တပ်တချို့နှင့် ရှေ့မှဦးစွာအမြန်ပြန်လာခဲ့သည် စစ်သူကြီးတွေသာထားခဲ့ပြီး သိမ်းပိုက်ခံနိုငံအရေးကို အကုန်လွှဲအပ်ထားခဲ့ရလေသည်" ဘယ်လိုဖြစ်လို့ အရှိန်သတ်လိုက်တာလဲ နန်းဆောင်
ကိုအမြန်သွားရမယ်လေ "" ဟို မယ်တော်နဲ့မိဖုရားခေါင်ကြီး ခရီးဦးကြိုဆိုနေကြောင်း
ပါ ဆင်းတွေ့မှဖြစ်ပါ့မယ် "" ဟူးးး ကောင်းပြီ "
.
" မယ်တော်ကို ခဏနေမှလာနှုတ်ဆက်မလို့ပါ အပင်ပန်း
ခံပြီး စောင့်ကြိုမနေသင့်တော့ဘူး သက်တော်ရလာပြီ မဟုတ်လား "" ထက်မြက်လှတဲ့သားတော်ကို ဘယ်လိုထွက်မတွေ့ဘဲ
နေနိုင်မှာလဲ ချွေးမတော် လာလေ ကိုယ့်ခင်ပွန်းကို
တစ်မနက်လုံး ရပ်စောင့်နေပြီး အခုတော့ ဘာမှမပြော
တော့ဘူးလား "" အရှင့်ကိုတွေ့ရတော့ ဝမ်းသာလွန်းလို့ စကားတောင်
ပြောမထွက်တော့ပါဘူး မယ်တော် "" ကိုယ်တော်အနားယူဖို့နန်းဆောင်ကြွတော့မယ် "
" မိဖုရားတွေအကုန်လုံးအသင့်ပြင်ထားတာမို့ အရှင်မင်းကြီး
နှစ်ခြိုက်စွာအနားယူပါ "
![](https://img.wattpad.com/cover/144050499-288-k262696.jpg)
YOU ARE READING
အဆိပ်သင့်ကြင်ယာတော် (Z&U)
Fanfictionအို မိုးနတ်မင်း......... အရှင့် အချစ်ကိုခွဲဝေယူရတာ ဒါနောက်ဆုံးသော ဖြစ်ပါစေ။ ကြင်ယာတော်Chen အို မိုးနတ်မင်း......... ချစ်ရသူအစစ်အမှန်သူ့ထံသာ ချစ်ခြင်းအကုန်ပေးဆပ် ခွင့်ရသူဖြစ်လို၏။ Zhang ဘ...