အပိုင်း ( ၁၈ )
ရင်ထိတ်စွာနဲ့နောက်တစ်ခွန်းထပ်မေးမိတယ်
" သိလားလို့ မေးနေတယ် "
" သိတာပေါ့ သခင်လေးရယ် ဒီလောက်ထင်ရှားနေတဲ့
သခင်လေးပုံရိပ်က ကစားပွဲရုံကလူအိုတွေကြားမှာ
တကယ့်ကို ပန်းလေးတစ်ပွင့်အလား အေ့ "ထိုလူကြီး ပါးစပ်ဟလိုက်တာနဲ့ အရက်နံ့
တွေ တထောင်းထောင်းထနေတာကြောင့်
Chenနှာခေါင်းရှုံ့မိသည် ......" ဟူးးး အရူးကတစ်မျိုး "
" သခင်လေးက ဘယ်အိမ်တော်ကများလဲ ဒါတွေထားပါ
ဘယ်ကပဲ ဖြစ်ဖြစ် ကျုပ်နှလုံးသားက ဂရုစိုက်မှာမဟုတ်
တော့ဘူး ကြည့်ရတာသခင်လေးလဲ အေ့......
ကျုပ်လိုပဲမလား "" ဟုတ်ပေမဲ့ ကျုပ်မှာပိုင်ရှင်ရှိနှင့်ပြီ စိတ်မကောင်းပါဘူး "
" ဘယ်ကဟာမလဲ ကျုပ်ဖြေရှင်းပေးမယ် အခုတော့
ကျုပ်ကိုအခွင့်ရေးပေးပါ "လက်ကိုအသာဆွဲပြီး တဖြည်းဖြည်း
ရင်ခွင်ထဲဆွဲသွင်းကာ အပိုတွေလုပ်
ကြင်နာပြနေတဲ့ လူကိုဒေါသထွက်နေ
ပေမဲ့ ထပ်ရုန်းကန်မနေတော့ အနည်းဆုံး
တော့ ကိုယ့်ကိုသဘောကျပေးတဲ့သူ
ရှိနေသေးတာပဲလေ စိတ်ပျက်စရာပုံ
အလွန်အကျွံပေါက်နေပေမဲ့" ဟက် ကျုပ်လူသာသိရင် ခင်ဗျားတော့ ခေါင်းဖြတ်ခံရ
မလားမသိဘူး "" သခင်လေးကနောက်ပြောင်ပျော်ပါးတတ်သေးတာပဲ
ဟားးးဟားးး အဲ့လိုလူဆိုးမျိုးမြန်မြန်သာ ဖယ်ထုတ်လိုက်ပါ
ကျုပ်တသက်လုံး အလောင်းကစားလုပ်ပြီးရှာကျွေးပါ့မယ် "" ဟားး ဟားး လူဆိုးတဲ့လား ဟုတ်တာပေါ့ တကယ့်ကို
ယုတ်မာတဲ့မကောင်းဆိုးဝါးလူဆိုး "" Chen "
ရုတ်တရတ်ထွက်ပေါ်လာတဲ့ခေါ်သံကြောင့်
လန့်ဖြန့်ပြီး Chenလူဝကြီးရင်ဘတ်ကိုတွန်း
ဖယ်လိုက်မိတယ်
နဘေးကလူကြီးလည်းအစက ပြန်ရန်လုပ်ဟန်
ပြင်နေပေမဲ့ နောက်လိုက်ငယ်သားတချို့နဲ့
အရှိန်ဝါအပြည့်နဲ့လူကိုကြည့်ပြီး အလိုလိုငြိမ်ကျ
သွားပါတယ်" အ အရှင် ဘယ်လိုလုပ် "
" ရုတ်တရတ်မကောင်းဆိုးဝါးတွေ့သလို ဘာလို့လန့်နေရ
တာလဲ တကယ်တွေ့နေရလို့လား ......... "
YOU ARE READING
အဆိပ်သင့်ကြင်ယာတော် (Z&U)
Fanfictionအို မိုးနတ်မင်း......... အရှင့် အချစ်ကိုခွဲဝေယူရတာ ဒါနောက်ဆုံးသော ဖြစ်ပါစေ။ ကြင်ယာတော်Chen အို မိုးနတ်မင်း......... ချစ်ရသူအစစ်အမှန်သူ့ထံသာ ချစ်ခြင်းအကုန်ပေးဆပ် ခွင့်ရသူဖြစ်လို၏။ Zhang ဘ...