အပိုင်း ( ၁၅ )
မနေ့ညကဖြစ်သွားခဲ့သည့် လုပ်ကြံမှုကို
အရှင်ဘယ်လိုမှမမေ့နိုင် ထိုအချိန်တွင်သာ
ကာကွယ်ပေးမဲ့သူ မရှိခဲ့လျှင် အချစ်ရဆုံးသူ
ကို ထာဝရ ဆုံးရှုံးသွားရပေလိမ့်မည် မူးပြီး
အိပ်ပျော်နေခဲ့တဲ့ လူဆိုးလေးကတော့ အခုထိပင်
နိုးထမလာသေး နှစ်ချို့သေရည်တွေ သုံးအိုး
လောက်သောက်ထားခဲ့သည်မဟုတ်လား
အိပ်နေတာတောင် လူကိုစိုးရိမ်ရအောင် လုပ်နိုင်
သေးသည်" အ ခေါင်း ခေါင်း "
" ရော့ အမူးပြေအောင်သောက်လိုက် "
" အရှင် ညကဖျော်ဖြေပွဲ ကောင်းကောင်းပြီးသွားရဲ့လား "
" ဒါပေါ့ "
" အရှင့်မျက်နှာမကောင်းဘူး ဘာလို့လဲ Chenအပြစ်
လုပ်မိလို့လား "" Chenကိုယ်ပြောတာနားထောင် နောက်ဆို မင်းဘာ
သေရည်မှသောက်ခွင့်မရှိတော့ဘူး "" ဘာလို့လဲ "
" ကြင်ယာတော်ဖြစ်ပြီး မူးတာနဲ့တွေ့တဲ့နေရာလျှောက်အိပ်လို့
ရမလား သတိထားရမယ်လေ နောက်တစ်ခါ အဲ့လောက်ထိ
မသောက်နဲ့ ကိုယ်သိတာနဲ့ ကြီးလေးတဲ့အပြစ်ပေးခံရမယ်
နားလည်လား မေးနေတယ်လေ "" နားလည်ပြီ "
မကျေမနပ်နဲ့ပြန်ဖြေပေမဲ့ yixingတော့
အနည်းငယ်အပူလျော့သွားရသည် နောက်ပြီး
Chenသူလုပ်ကြံခံရတာကို မသိစေလို
ချစ်စရာကောင်းသည့်အပြုမူများသာပြည့်နေသည့်
Chenသည် ဘယ်သူ့အမုန်းနဲ့မှမထိုက်တန်
ဒီလိုတွေဖြစ်လာရတာ အကုန်လုံးဘုရင်ဖြစ်သည့်
သူ့ကြောင့်ပဲဆိုတာ ရှင်းလင်းစွာနားလည်ထားသည်" အရှင် မယ်တော် ကြွချီလာပါတယ် နန်းဆောင်ကို
ပြန်ကြွတော်မူပါ "" ကောင်းပြီ သွားကြတာပေါ့ "
Chenကတော့ ဆူပုတ်ပုတ်နဲ့ကျန်ခဲ့သည်
ဘာလို့ မနက်ရောညရော အဆူခံထိနေသည်
ကိုနားမလည် ငယ်ငယ်ကတောင် ဒီလောက်
အဆူမခံရ အခုတော့ မနက်မျက်လုံးပွင့်တာနဲ့
အပြစ်ပြောမည့် သူကနဘေးရောက်နေတတ်သည်*****
" မယ်တော့် ကိုဂါဝရပြုပါတယ် "
" ဘယ်လိုဖြစ်တာလဲ သားတော် မိဖုရားmay ကို
ဘာလို့ သတ်ပစ်လိုက်ရတာလဲ "
![](https://img.wattpad.com/cover/144050499-288-k262696.jpg)
ESTÁS LEYENDO
အဆိပ်သင့်ကြင်ယာတော် (Z&U)
Fanficအို မိုးနတ်မင်း......... အရှင့် အချစ်ကိုခွဲဝေယူရတာ ဒါနောက်ဆုံးသော ဖြစ်ပါစေ။ ကြင်ယာတော်Chen အို မိုးနတ်မင်း......... ချစ်ရသူအစစ်အမှန်သူ့ထံသာ ချစ်ခြင်းအကုန်ပေးဆပ် ခွင့်ရသူဖြစ်လို၏။ Zhang ဘ...