အပိုင်း ( ၁၆ )
" ကိုယ့်ရဲ့ ဆက်ခံမဲ့သူလိုတယ် Chen "
တစ်ချိန်ချိန်မှာ အရှင်ကိုယ်တိုင် ဒီစကားကို
ပြောလာလိမ့်မယ်မှန်း Chenသိနေခဲ့ပါတယ်
ဒါပေမဲ့လည်း တကယ်တမ်းလက်တွေ့မှာတော့
ထိုးနှက်ချက်ကြီးမားလွန်းလှသည် အရှင့်အတွက်
အဓိက လိုအပ်ချက်ကို တခြားသူတွေကသာ
ြ့ဖည့်ဆည်းပေးနိုင်မည် ကိုယ်ကတော့......" ဒါဆို ထပ်ပြီး လက်မထပ်သင့်တော့ဘူးမဟုတ်လား
အရှင့်အတွက် မိဖုရားတွေ များနေပြီလေ "" သူတို့ကိုသာ ကိုယ်ဝန်လွယ်စေရင် Chenအေးအေး
နေရမယ်ထင်လား တကယ်လို့ သားတော်သာဖွားမြင်ကြည့်
ဘက်တော်သားတွေစုလာပြီး အကုန် တိုက်ခိုက်ကြလိမ့်မယ် "" အရှင်ကာကွယ်ပေးလို့ရတာပဲလေ "
" အဲ့ဒီ့အစား အနေအေးပြီး ရိုးသားတဲ့ မိဖုရားတစ်ပါးသာဆို
Chenအတွက် ကိုယ်စိတ်ချနိုင်လိမ့်မယ် အဲ့ဒါ waiပဲ "" အရှင်သဘောကျတာ သာလုပ်ပါတော့ Chenကဘာမှ
မသိတဲ့သူမဟုတ်လား "" Chenရယ် ကိုယ့်ကိုမရွဲ့ပါနဲ့ "
Chenသဘောမတူငြင်းဆန်နေတဲ့ကြားက
အရှင်ကတော့ လက်ထပ်ပွဲကိုကျင်းပခဲ့ပြီ
ဖြူဖွေးပြီးတကယ်ကိုလှပတဲ့ မိန်းကလေး
တနည်းအားဖြင့် အရှင်လိုချင်နေခဲ့တဲ့နတ်သမီး
သဖွယ်ပါပဲ Chenနဲ့အရှင်လက်ထပ်ပြီးကိုးနှစ်
အကြာမှ ပထမဆုံးတင်မြောက်ခံရတဲ့မိဖုရား
ပေမို့ Chenဘယ်လိုမှအကောင်းမြင်ပေးလို့
မရ မနာလိုစိတ်မရှိရဘူးလို့ ကိုယ့်ကိုယ်ကို
ဆုံးမနေရပေမဲ့ တကယ်တမ်းတော့ မဖြေသာတူရိယာသံတွေ ချီးမြှောက်သံတွေ နဘေးမှမထိ
တထိနှိမ့်ချသံတွေကြား အသိစိတ်မဲ့ကာမျက်ဝန်း
မှမျက်ရည်များသာ တစ်တောက်တောက်ကျနေခဲ့
သည် အရှင့်ကို Chenအဲ့လောက်ချစ်ရပါသည်*
*
*
" သခင်လေး အထဲဝင်ပါတော့ "
နန်းဆောင်မှာတော့ Chenပြန်ရောက်ကတည်း
က ဓားတစ်ချောင်းနဲ့ မိုးရေတွေကြားအပြင်းအထန်
လေ့ကျင့်နေခဲ့သည် အမှောင်ထုလွှမ်းလာလေ
ရင်ထဲမှာပူလောင်လာလေ အော်Chenရယ်
မင်းက မိုးကောင်ကင်ကို ဘယ်သူမှကြည့်မရ
အောင် လက်နဲ့ကာထားချင်သလိုဖြစ်နေပါပေါ့လား
ကိုယ်သာအရူးရဖြစ်ပေပေါ့
YOU ARE READING
အဆိပ်သင့်ကြင်ယာတော် (Z&U)
Fanfictionအို မိုးနတ်မင်း......... အရှင့် အချစ်ကိုခွဲဝေယူရတာ ဒါနောက်ဆုံးသော ဖြစ်ပါစေ။ ကြင်ယာတော်Chen အို မိုးနတ်မင်း......... ချစ်ရသူအစစ်အမှန်သူ့ထံသာ ချစ်ခြင်းအကုန်ပေးဆပ် ခွင့်ရသူဖြစ်လို၏။ Zhang ဘ...