အတိတ်

277 20 0
                                    

အပိုင်း ( ၂၀ )

" သခင်လေး ဘာတွေထောင်းနေပြန်ပြီလဲ ဒီအရွက်တွေ
သုံးခွင့်မရှိတော့ဘူးလေ တော်ကြာ အတိုင်ခံရလိမ့်ဦးမယ် "

နန်းဆောင်ပြင်ထွက်ကာအရွက်တွေ
ထောင်းလိုက် ဆေးကြိုလိုက်နဲ့အလုပ်
များနေတဲ့ ကြင်ယာတော်ကို စိုးရိမ်တကြီး
တားနေကြပါတယ်

" သူတို့မသုံးတတ်ကြတာ သုံးတတ်ရင် နာမည်တောင်
မပေးထားကြတဲ့ ဒီအရွက်က အသက်ရှည်ဆေးပဲ "

" သခင်လေးက ဒါတွေမသောက်လဲ အသက်ရှည်မှာပါ တာမြစ်ထားတဲ့ အဆိပ်ရွက်တွေသုံးတော့မှ အရေးယူခံ
နေရဦးမယ် "

" ကျနော့်တွက်မဟုတ်ပါဘူး မိဖုရားwaiအတွက် "

" ဘာ ဘာလို့ မိဖုရားကို "

" ဒီတလော စကားမကြာမကြာပြောဖြစ်ရင်း ကိုယ်ဝန်
ကြောင့်မအီမသာဖြစ်နေတယ်ပြောတယ် ဒါကြောင့်ဆေး
ဖော်ပေးနေတာလေ "

" အထင်လွဲခံရနိုင်ပါတယ် သမားတော်တွေပဲ ကုပါစေ
သခင်လေးဝင်မပါပါနဲ့ နန်းတော်တစ်ခုလုံးက စောင့်ကြည့်
နေတဲ့ဟာ စေတနာကို ဒီတိုင်းပြန်သိမ်းထားလိုက်ပါနော် "

" ဟ Chenကကြင်ယာတော်မဖြစ်ခင်က သမားတော်
လေ အထိန်းတော်ကြီးမကြားဖူးဘူးလား နာမည်ကြီးသမား
တော်Wuဆိုတာ Chenရဲ့အကိုကြီးဖြစ်သလို ဆရာလည်း
ဖြစ်တယ် Geကလူတွေကိုတတ်နိုင်သလောက်ကူညီပေး
ဖို့ အရိုးစွဲအောင်သင်ပြပေးပြီးသား ဒါပဲ သွားမယ် ယူခဲ့ "

********

********

" သခင်လေးChen ကျမနန်းဆောင်ထိ လာလည်တယ် "

" အင်း ဘာရယ်မဟုတ် ဒီတိုင်းဆေးလာပေးတာ "

" သခင်လေးChenက ဆေးလည်းဖော်စပ်တတ်သလား
တကယ့်ကိုထက်မြက်ပါပေတယ် "

" အဟင်းး စကားမများပါနဲ့ မြန်မြန်သောက်ပါတော့ ကြာရင် မကောင်းဘူး "

" ကျမက ဒီကိုယ်ဝန်ကြောင့် သခင်လေး စိတ်အနှောက်
ယှက်ဖြစ်မှာစိုးတာ အခုလိုဂရုစိုက်ပေးတော့...... "

အရှင့်ကိုဘယ်လောက်ထိ သဝန်တိုတတ်တဲ့
သခင်လေးလဲ အရှင်တောင် သခင်လေးသဝန်
တိုတဲ့ဒဏ်မခံစားနိုင်လို့ အပြုမူတွေကအစထိန်း
ချုပ်နေရရှာတာ မိဖုရားဖြစ်တဲ့သူ သိပ်သိတာပေါ့

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now