အပိုင်း ( ၇ )
" ဟင်း ...... "
သာယာတဲ့နံနက်ခင်းဝယ် ကျေးငှက်လေးတွေ
သီကျူးချိန် စမ်းရေစီးသံနှင့်အတူနေမင်းကြီး၏
အလင်းရောင်နုနု နဲ့မှနိုးထချင်တဲ့ ချစ်ရသူအတွက်
အားလုံးပြီးပြည့်စုံအောင် ဖမ်းတီးပေးထားသည်
နောက်ဆုံးတစ်ချက်က အနမ်းတစ်ပွင့် ဒါမှနိုးထ
ပေးမယ်တဲ့လေ" နိုးပြီလား အမူးသမားလေး "
" ဟင် အရှင် "
အစတော့ပြုံးပြပြီးအနမ်းပြန်ချွေဟန်ပြင်နေ
ပေမဲ့ ဘုရင်နှင့်စိတ်ဆိုးထားသည်ကိုပြန်သတိ
ရသွားပြီး တစ်ဖက်သို့မျက်နှာလွှဲသွားသည်" စိတ်မပြေသေးဘူးလား Chen တစ်ညလုံးလည်း
ဆိုးထားပြီးပြီ ဒီ့ထက်ဆိုးလာရင်တော့ ပြစ်ဒဏ်ပေးမှ
ဖြစ်တော့မယ် "" Chen သေရည်သောက်ရုံပါပဲ တခြားဘာအပြစ်မှ
မလုပ်မိပါဘူး "" ဘုရင်တစ်ပါးရှေ့မှာတင် ကြမ်းတမ်းတဲ့စကားတွေနဲ့
အပြစ်တင်ဆဲရေးဆိုတယ် ပြီးတော့ တံတွေးနဲ့လည်း
ထွေးသေးတယ် ထပ်ပြောရရင် ခြေထောက်နဲ့ပါကန်ထား
သေးတာ ကဲ ပြောစမ်း အဲ့လိုအပြစ်သားကို ဘယ်လိုအပြစ်
ပေးရမလဲ "" သေဒဏ်ပေးရမှာပေါ့ အဲ့လောက် အတင့်ရဲတဲ့သူမျိုးရော
ရှိရဲ့လား အပိုင်းပိုင်းခုတ်သတ်သင့်တယ် "" ဒါပေမဲ့ ကိုယ်ကတော့ တခြားအပြစ်ပေးရင်ကောင်းမလား
လို့ "Yixingပြောရင်းနဲ့ အိပ်ရာပေါ်ကမထသေးတဲ့
ကောင်လေးပေါ် လှုပ်မရအောင်ဖိထားလိုက်သည်
ပြီးမှလက်နှစ်ဖက်နဲ့ထောက်ထားပြီး စိတ်တိုင်းကျ
အနမ်းတွေခြယ်လှယ်ကာ ရင်ဘတ်မှအင်္ကျီကြိုး
ဖြေချပြီး ပွတ်သပ်ရင်း တဖြည်းဖြည်းအောက်သို့
ဆင်းလာလေတော့ Chenမနေတတ်တော့ဘဲ" ခဏ ဟို ဟို ခုနကတည်းကပြောမလို့ အရှင့်ကိုယ်က
အော့ အော့ အနံ့တွေရတယ် ရေအရင်ချိုးမှဖြစ်မယ်မလား"" ဘာာ အဲ့ အော့ အော့ တွေက ဘယ်သူ့ဆီကထွက်လာ
တာလဲမသိချင်ဘူးလား "" Chenဆီကလို့ဆိုလိုတာလား မဟုတ်တာ နေမကောင်း
ဖြစ်ရင်တောင် မအန်တတ်တဲ့ဟာ "" အန်တာနဲ့တင်ဘယ်ကမလဲ သေးပါပေါက်ချထားတာ
တကယ့်ကို အမူးသမားအရစ်ညစ်ပတ်လေးပေါ့ "" အာ ရှက်ဖို့ကောင်းလိုက်တာ မကောင်းတဲ့သေရည်တွေ
ဒါပေမဲ့လည်း အားလုံးအရှင့်ကြောင့်ပဲကို Chenစိတ်ထိခိုက်
အောင်လုပ်ခဲ့တာကိုး စိတ်မကောင်းဖြစ်လွန်းလို့ "" ကိုယ့်ရဲ့Chenအဲ့လောက် စိတ်မကောင်းဖြစ်ရတာလား
ကိုယ်တောင်းပန်ပါတယ် နန်းတော်ကကိုယ်သာမရှိရင်
Chenအန္တရာယ်ရှိနိုင်လို့ အိမ်ပြန်စေချင်တာပါ စွန့်ပစ်ချင်
တာမျိုးမဟုတ်ပါဘူး ဘယ်ချိန်ဖြစ်ဖြစ် ကိုယ်ချစ်တာ မင်း
တစ်ယောက်ထဲပါပဲ "" ကိုယ့် ခင်ပွန်းသည်ကစစ်တိုက်ထွက်နေတဲ့အချိန် Chen
ကဒီမှာပဲစောင့်နေပေးရမှာပေါ့ အရှင်နဲ့လက်ထပ်လိုက်တဲ့
အချိန်ကစပြီး ဒါကChenအိမ်ဖြစ်သွားပြီလေ ထွက်မပြေး
ချင်ပါဘူး အရှင်သာတကယ်စိတ်ပူရင် စစ်ပွဲကိုနိုင်အောင်
တိုက်ခဲ့ပြီး Chenဆီပြန်လာခဲ့ပါ "" ကိုယ့်ကလေး အရွယ်ရောက်လာပြီပဲ နောက်ဒီ့ထက်
အရွယ်ရောက်လာမှ ကိုယ်နဲ့အတူ စစ်မြေပြင်အတူသွား
ကြတာပေါ့ "" အရှင့်သဘောပါ Chen စစ်ရေးဗျူဟာရော သိုင်းပညာ
ရောကြိုးစားသင်ပါ့မယ် အရှင့်နောက်လိုက်ကောင်းဖြစ်စေ
ရမယ် "Chenအတွက် အခွင့်ရေးတစ်ရပ်ထပ်ရသလိုပင်
အချိန်ပြည့်တွေးပူနေခဲ့ရတာ အရှင်သာသူ့ကိုစိတ်ကုန်
သွားရင် ဘယ်လိုဖြေသိမ့်ရမလဲဆိုသည်ပင် အခုတော့
အသေချာကြိုးစားပြီး အသက်ကြီးလာလျှင် မှူးမတ်
ဖြစ်ဖြစ် ကိုယ်ရံတော်ဖြစ်ဖြစ် နန်းတော်ထဲတွင်ဆက်
အမှုထမ်းပြီး အရှင့်ကိုတွေ့ခွင့်ရှိဦးမည်မဟုတ်လားဘုရင် yixingကတော့ ပေါ့ပါးပြီးသွက်လပ်တဲ့Chen
ကိုသာမြင်ပြီး ရင်ထဲကအပူတွေတော့ မမြင်နိုင်ခဲ့ပါ
ဒီလောက်အလိုလိုက်ချစ်ပေးနေလျှင် ပြည့်စုံလောက်ပြီ
ဟုသာတွေးထင်ထားခဲ့ခြင်း" ဒါဆိုမနက်ဖြန်ကိုယ် တပ်ဖွဲ့ကိုဦးဆောင်ပြီးခရီးစထွက်
မယ် ဒီညကိုယ်မင်းအဆောင်ထပ်လာခဲ့ဦးမယ် ကြည်နူး
စရာလေးတွေအတူဖန်တီးကြတာပေါ့ "အပျိုငယ်လေးတစ်ယောက်လိုရှက်ပြီး
ချစ်စဖွယ်အမူယာလေးတွေက yixing
ကို မရင်းနှီးတဲ့အချစ်နွံထဲနစ်သထက်နစ်
အောင်ပြုစားလွန်းနေသည်
သို့သော် အလုပ်သိပ်များတဲ့ဘုရင်မို့
ကြင်ယာတော်ဘေးမှထကာ အစည်းဝေး
ခန်းမဆောင်သို့ ထွက်သွားလေတော့သည်.
.
.
.
TCB
ဒီနေ့တွက် နှစ်ပိုင်းရအောင်တင်ပေးလိုက်ပြီနော် ;)
YOU ARE READING
အဆိပ်သင့်ကြင်ယာတော် (Z&U)
Fanfictionအို မိုးနတ်မင်း......... အရှင့် အချစ်ကိုခွဲဝေယူရတာ ဒါနောက်ဆုံးသော ဖြစ်ပါစေ။ ကြင်ယာတော်Chen အို မိုးနတ်မင်း......... ချစ်ရသူအစစ်အမှန်သူ့ထံသာ ချစ်ခြင်းအကုန်ပေးဆပ် ခွင့်ရသူဖြစ်လို၏။ Zhang ဘ...