အပိုင်း ( ၂၈ )
" gege ထွက်ကြိုပါဦး Chenပြန်လာပြီလေ "
yifan ရုတ်တရတ်အံ့သြသွားကာ
အပြင်ကိုအပြေးထွက်လာတယ်
တစ်ချိန်က ပြဿနာရှာပြီးပြန်လာရင်
အသံစာစာနဲ့ အကူညီယူဖို့အချက်ပေး
တဲ့အသံလို အော်ခေါ်နေတာမို့" gege "
" ChenChen ပြန်လာပြီလား ပြန်လာတာကောင်း
တယ် နန်းမြို့ကသတင်းတွေကြားပြီး ပြန်မလာနိုင်တော့
ဘူးထင်တာ လာပါဦး ဖက်ထားရမယ် "" geကလည်း အဖိုးကြီးဖြစ်နေပြီ ညီတွေကိုချွဲကောင်း
တုန်း baekရော သူထွက်မကြိုဘူးလား လူကြီးလူ
ကောင်းဖြစ်နေရောပေါ့ ငပေါမဟုတ်တော့ပါဘူးနော် "အားလုံးအံ့အားသင့်သွားရပြန်တယ်
မတ်တပ်ရပ်ပြီး ဆူပုတ်နေတဲ့baek
ကိုမမြင်ရသလို ပုံစံနဲ့ပြောနေတာကိုး" Chen ငါ့ကိုမမြင်ရဘူးလား စိတ်ဆိုးချင်ယောင်ဆောင်
ပြီးမခေါ်ဖို့လုပ်တာ ဘာလို့မမြင်ရတာလဲ ငါ့ကိုကြည့်စမ်း "" မင်းကတစ်ချိန်လုံးဆူညံနေခဲ့တော့ အခုအသံမကြား
တာနဲ့ မေးမိတာပါ "" အေး ဘာလို့ မေးတာလဲလို့ !! ဘာလို့မမြင်တာလဲလို့ !!
ငတုံးရဲ့ ဖြေလေ :'( "" ငါ ငါ "
" တော်တော့ baek နောက်မှမေး Chen
နားပါစေ "မျက်ရည်တွေဝဲပြီးအော်ဟစ်နေတဲ့baek
ကို yifanဟောက်ကာ chenကိုလက်က
နေဆွဲပြီး အခန်းထဲခေါ်သွားလိုက်တယ်" အိပ်တော့မလား နိုးလာမှခြေလက်ဆေးပြီး ညစာထ
စားပေါ့ ရော့ဒါက မင်းကြိုက်တဲ့ပန်းခက်လေးတွေနဲ့စောင်
geလျှော်ပေးထားတယ် နားတော့နော် လိုတာရှိရင်ပြော "" ge ကျနော်တောင်းပန်ပါတယ် ဝန်ထုပ်ဝန်ပိုးဖြစ်စေမိပြီ"
" geတို့မိသားစုအသုံးထဲမှာ အဲ့စကားမရှိဘူးChen
နေကောင်းအောင်ပဲနေ အခုကစပြီးgeနဲ့အတူနေရ
အောင်တသက်လုံးလေ မကောင်းဘူးလား "" အီးးးဟီးးး တောင်းပန်ပါတယ် တောင်းပန်ပါတယ်
တောင်းပန်ပါတယ် "အရမ်းဆို့နင့်နေတဲ့Chenအားပါးတရ
yifanရင်ခွင်ထဲခေါင်းထိုးပြီးအော်ဟစ်
ကာငိုကြွေးနေပါတော့တယ် မဆူရက်လောက်
အောင် ထိုက်သင့်တာထက်ပိုခံစားရပြီးပြီ
မို့ ဘာမှထပ်မပြောတော့ဘဲ နှစ်သိမ့်ပေး
ခြင်းကိုသာ အကောင်းဆုံးပေးလိုက်တော့
တယ် ။
ESTÁS LEYENDO
အဆိပ်သင့်ကြင်ယာတော် (Z&U)
Fanficအို မိုးနတ်မင်း......... အရှင့် အချစ်ကိုခွဲဝေယူရတာ ဒါနောက်ဆုံးသော ဖြစ်ပါစေ။ ကြင်ယာတော်Chen အို မိုးနတ်မင်း......... ချစ်ရသူအစစ်အမှန်သူ့ထံသာ ချစ်ခြင်းအကုန်ပေးဆပ် ခွင့်ရသူဖြစ်လို၏။ Zhang ဘ...