အပိုင်း ( ၉ )
အရှင်မရှိသောအရပ်သည် ငြီးငွေ့ဖွယ်ကောင်းလှသည်
Chenတစ်နေကုန် ဓားရေးကျင့်ပြီး ညပိုင်းတွင်စစ်ရေး
ဗျူဟာစာပေများဖတ်ရှုပြီး ကိုယ့်ကိုယ်ကို အားလပ်ချိန်
မပေး အရှင့်ကို အရမ်းသတိရလာလျှင် လက်ဆောင်
အဖြစ်ထားခဲ့တဲ့ ယုန်ဖြူလေးများကို အစာသွားကျွေးသည်
ယုန်အသားမစားမိအာင် ယုန်လေးများကိုကြိုးစားချစ်ပေး
ရှာပါသည်" စား စား အရှင်ပြန်လာတဲ့အထိ မင်းတို့အားလုံး အသက်ရှင်
နေမှဖြစ်မှာ "ယုန်လေးများကိုမုန်လာဥကျွေးရင်း
အပျင်းပြေစကားပြောနေမိသည်
မုန်လာဥခြင်းထဲမှ မုန်လာဥကိုလက်
တစ်ဖက်က ယုန်ကျွေးကာ ကျန်တစ်
ဖက်ကတော့ ကိုယ်တိုင်ကိုက်စားနေ
တော့သည်" ချိုနေတာပဲ ယုန်ဖြစ်တာ ကောင်းလိုက်တာ "
" သခင်လေး "
" ဟင် ဘာပြောမလို့လဲ "
" ဟို မယ်တော်ကြီးမွေးနေ့ပွဲမို့ နန်းတော်ထဲက မိဖုရား
နဲ့ ကြင်ယာတော်ပါမကျန် အကုန်တက်ရောက်ရမယ်တဲ့ "" ဟူးး မပတ်သက်ချင်ပါဘူးဆို "
Chen အတွက်နေ့ရက်ဆိုးတွေကကျရောက်
လာတော့မှာလား အရှင်သွားခါစမို့ ဘယ်သူမှ
သိပ်အနိုင်မကျင့်ရဲသေးတာ နောက်ဆိုသူဘယ်
လိုများရင်ဆိုင်ရမှာပါလိမ့် ပွဲတော်အနည်းငယ်
အရှင်ခေါ်လို့ လိုက်သွားတာတောင် မထိတထိနဲ့
ရွဲ့စောင်းကာ အရှင်မသိအောင် အမျိုးစုံမနာလိုမှု
ကိုဖော်ပြကြသည်လေ" လက်ဆောင်ပြင်ပြီးသွားကြတာပေါ့ "
" ဟုတ်ကဲ့ သခင်လေး "
*
*
*********
ရင်းနှီးသူမရှိသည့်နန်းတော်ထဲလမ်းပြပေး
သူကြောင့်သာ မယ်တော်ကြီးနန်းဆောင်သို့
ရောက်လာရသည် မဟုတ်ရင် ဘယ်အဆောင်
ကဘာမှန်း Chenလုံးဝမသိ အရှင်ကသိခွင့်
လဲမပေး Chenလည်း ကိုယ်ပိုင်နန်းဆောင်
မှာ လိုလေသေးမရှိအောင်နေရတာမို့ ဘာမှထပ်
ပြီးမတောင်းဆိုမိ" မယ်တော့်ကို ဂါဝရပြုပါတယ် "
" နောက်ကျလှချေလား ကြင်ယာတော်Chen "

أنت تقرأ
အဆိပ်သင့်ကြင်ယာတော် (Z&U)
أدب الهواةအို မိုးနတ်မင်း......... အရှင့် အချစ်ကိုခွဲဝေယူရတာ ဒါနောက်ဆုံးသော ဖြစ်ပါစေ။ ကြင်ယာတော်Chen အို မိုးနတ်မင်း......... ချစ်ရသူအစစ်အမှန်သူ့ထံသာ ချစ်ခြင်းအကုန်ပေးဆပ် ခွင့်ရသူဖြစ်လို၏။ Zhang ဘ...