နာကျင်ခြင်းရဲ့အစ

2.8K 191 45
                                    

အပိုင်း ( ၂၃ )

နာကျင်မှုအပေါင်းနဲ့နိုးထလာချိန်မှာတော့
အချိန်ကအတော်လေး နောက်ကျနေပြီ
အခြေနေအချိန်ခါမသိတဲ့ နှလုံးသားက
နံနက်ခင်းအနမ်းမရလို့ အောင့်တက်နေသေး
တယ် ဟိုကဖြင့် ဘယ်လိုထပ်နှိပ်စက်ဖို့
ရည်ရွယ်ထားသေးလဲမသိ

" သခင်လေး "

" နေ နေ အဲ့ပြင်မှာပဲနေ ဝင်မလာနဲ့ "

" အရှင်မင်းကြီးကလည်း ဘယ်သူမှမဝင်ဖို့ အမိန့်ချထား
ပါတယ် ဒါကြောင့်မနှိုးတာပါ အခုက မိဖုရားwaiသတင်း
လာမေးလို့ "

" သိပြီ ဧည့်ခန်းဆောင်မှာဧည့်ခံထားလိုက် "

ဘာကိစ္စသတင်းလာမေးရတာလဲ လူမမာ
လဲမဟုတ် ဒီကမလှုပ်ချင်ပါဘူးဆို

Chenဖြည်းဖြည်းချင်းထကာ သန့်ရှင်းရေး
လုပ်ပြီး အလွယ်ကူဆုံးဝတ်ရုံကောက်ဝတ်
ပြီးတာနဲ့ ကျိတ်မှိတ်ပြီး ထွက်လာခဲ့တယ်

" သခင်လေး Chenသက်သာရဲ့လား ဒီကလူတွေပြော
တာ တစ်ညလုံးအရိုက်ခံထားရတယ်ဆို "

" ဒီလောက်ကဘာမှမဖြစ်ပါဘူး သေဒဏ်မှမဟုတ်ဘဲ "

" သခင်လေးChenအပြစ်မရှိတာ ဘာလို့သေဒဏ်
မျှော်လင့်နေရတာလဲ ကျမရိပ်မိလာပြီ တကယ်တော့
မယ်တော်မကွယ်လွန်ခင် ကျမကိုခေါ်တွေ့ပြီး ထူးဆန်း
တာတွေပြောခဲ့တယ် အဆင်ပြေရင် မိဖုရားခေါင်တင်
မြှောက်ခိုင်းမယ်တဲ့ အဲ့တုန်းက မယ်တော်ဘာကိုဆိုလို
မှန်းမသိခဲ့ဘူး "

" အဲ့ဒါဘာလဲ "

" မယ်တော်ကအဆိပ်သောက်မယ် ပြီးမှဖြေဆေး
သောက်ဖို့ရွယ်ထားတာဖြစ်မယ် ဒါပေမဲ့ အဆိပ်ဖြေဆေးက
လုံးဝအသုံးမကျခဲ့ဘူးထင်တယ် "

" မယ်တော်ကြီးသုံးတဲ့အဆိပ်က ပြင်းတယ် ဖြေဆေးက
လည်းလတ်ဆက်မှအဆိပ်ပြေတာ ကျနော်တောင်
ဖြေပေးဖို့မလွယ်ဘူး မသိဘဲသုံးခဲ့တာကိုး ဒါနဲ့ မိဖုရားသိရဲ့သားနဲ့ အခုချိန်ထိနှုတ်ဆိတ်နေတာက "

" အဲ့ဒီ့အရမ်းပြင်းပြီး ဖြေဆေးတစ်မျိုးပဲရှိတဲ့အဆိပ်က
ခရီးသွားတွေဆီကနေ ကျမကိုရှာခိုင်းခဲ့တာမို့လို့ပါ အကုန်ပေါ်သွားရင် အခုမှ လူ့လောကထဲ ရောက်လာတဲ့ သားငယ်လေးကိုပါ ထိခိုက်မှာလည်းစိုးတယ် အခုကျမသတ်သလိုဖြစ်နေတယ် မဟုတ်လား သခင်လေးကိုတော့ အားနာမိပါတယ် တကယ်ပဲသခင်လေးကို လုပ်ကြံမယ်မထင်ခဲ့လို့ပါ "

အဆိပ်သင့်ကြင်ယာတော် (Z&U)Nơi câu chuyện tồn tại. Hãy khám phá bây giờ