အပိုင်း ( ၁၀ )
Chenနန်းဆောင်တွင် အထိန်းတော်ကြီးများ
နှင့်အမှုထမ်းအားလုံး သူတို့သခင်လေးကို
စိတ်မကောင်းစွာကြည့်ရှုနေရသည် တစ်နေကုန်
မိဖုရားများ၏အနှိပ်စက်ခံရပြီး ပြန်ရောက်လာ
လျှင်လည်း နန်းတွင်းမှကျင့်ဝတ်စာအုပ်များ
ကိုထိုင်ကျက်နေရပြန်သည်ထိုစာအုပ်များကမကုန်နိုင် အဘယ့်ကြောင့်ဆို
သော် တမင်ပညာပေးချင်သောမယ်တော်ကြီး
သည် တခြားဘုရင်များလက်ထက်မှ စည်းကမ်း
ကျင့်ဝတ်အဟောင်းများကိုပင်လျှင် သိသင့်သည်
ဆိုပြီး သူတို့သခင်လေးကိုကျက်ခိုင်းထားသည်.
.
တစ်နေ့တစ်မျိုးမရိုးနိုင်သော အနိုင်ကျင့်မှုများ
ကြောင့် Chen အလိုလိုဝမ်းနည်းလာရကာ
အော်ဟစ်ငိုယိုနေပါတော့သည် ငယ်ငယ်ထဲက
သူ၏အကိုကြီးတောင် ဒီလောက်မရိုက်နှက်ခဲ့
ဘယ်လောက်ဆိုးသွမ်းခဲ့ပါစေ အပြစ်အသေးမွှား
လောက်သာပေးသည် ဒါတောင် ချွဲနွဲပြလိုက်လျှင်
ထိုအပြစ်ကအလိုလို ပျောက်သွားလေတော့သည်
အခုမှာတော့ ........." အားးး အီးးးးဟီးးး ငါမကျက်ချင်တော့ဘူး ဘာလို့
ငါ့ကိုမှ ဝိုင်းအနိုင်ကျင့်နေရတာလဲ အီးးးးဟီးးး အရိုက်ခံ
ရတာလည်း နာတယ် အားးး အရှင်နဲ့အကုန် တိုင်ပြော
ပစ်မယ် အီးးးဟီးးး "သခင်လေး Chen ငိုနေတော့လည်းအထိန်း
တော်ကြီးများခမျာဘယ်လိုမှနေမရ နန်းတော်စ
ရောက်ကတည်းက အရိပ်တကြည့်ကြည့်နဲ့
ပြုစုပေးခဲ့ရသည်မဟုတ်လား တခြားတော်ဝင်
မိသားစုနဲ့ သခင်လေးဟာဆိုလျှင် လွန်စွာကွာ
ခြားလွန်းလှသည် ကလေးဆန်ပေမဲ့လူကြီးကို
လူကြီးမှန်းသိသည် မာန်မာနဆိုတာလည်း
ရှာမတွေ့ သခင်လေးကိုကိုယ့်သားငယ်လို
သဘောထားတာမို့ ရင်ခွင်ထဲသာထည့်ပြီး
ချော့မြူပေးလိုက်ချင်တော့သည်အရှင်မင်းကြီးအမျက်ကိုကြောက်ရွံ့နေရလို့သာ
အနားတောင် သိပ်နီးအောင်မကပ်ရဲကြ" သခင်လေးChen လူလွှတ်ပြီး အရှင်မင်းကြီးဆီ
အကြောင်းကြားပေးရမလား သခင်လေးကြည့်ရတာ
ကျွန်တော်မျိုးတို့ ရင်နာလှပါတယ် "
ESTÁS LEYENDO
အဆိပ်သင့်ကြင်ယာတော် (Z&U)
Fanficအို မိုးနတ်မင်း......... အရှင့် အချစ်ကိုခွဲဝေယူရတာ ဒါနောက်ဆုံးသော ဖြစ်ပါစေ။ ကြင်ယာတော်Chen အို မိုးနတ်မင်း......... ချစ်ရသူအစစ်အမှန်သူ့ထံသာ ချစ်ခြင်းအကုန်ပေးဆပ် ခွင့်ရသူဖြစ်လို၏။ Zhang ဘ...