အမိန့်တော်

2.8K 246 53
                                    

အပိုင်း ( ၂၇ )

" အပြစ်သား Chenကိုသေဒဏ် ချမှတ်လိုက်တယ် "

တစ်ပတ်လောက်အကြာမှာ အရှင့်ရဲ့
ပြတ်သားစွာ အမိန့်ချမှတ်သံကို
Chenကြားလိုက်တာနဲ့တပြိုင်နက်
သူ့ရှေ့ကို သစ်သားပြားလေးကျရောက်
လာခဲ့တယ် ဒါပေမဲ့ ဝေဝေဝါးဝါးပါပဲ
အရှင့်ကိုမြင်အောင်မနည်းမော့ကြည့်
လိုက်ပေမဲ့ အေးစက်တဲ့အကြည့်တွေ
ကိုပဲလက်ခံရရှိလိုက်တယ်လေ......

နေရစ်တော့ အရှင် နောက်တစ်ခါကြင်
ယာတော်တစ်ယောက်ကို သိပ်အလိုမ
လိုက်တော့နဲ့ သိပ်လည်းမချစ်ပါနဲ့တော့
ချစ်ရတာပင်ပန်းလွန်းတယ်

" မနက်ဖြန်သေဒဏ်စီရင်မယ် မင်းမှာပြောစရာရှိသေးလား Chen "

" မရှိတော့ပါဘူး "

နောက်ဆုံးအနေနဲ့yixing မျှော်လင့်
နေတာက တံဆိပ်တော်သုံးပြီး အသက်ရှင်
ခွင့်တောင်းဆိုလိုက်ဖို့ ဒါပေမဲ့ ဘာအရိပ်
ယောင်မှမတွေ့ရ တကယ်ပဲ သူ့ကိုသတ်ချင်
တယ်ထင်သွားခဲ့တာလား စိတ်ရှိလက်ရှိ
ဆောင့်ဆွဲပြီး ရိုက်နှက်ပစ်ချင်စိတ်ကတဖွား
ဖွား အဲ့တံဆိပ်တော်က ဒီလိုအခြေနေကြုံလာ
ရင် မသေစေချင်လို့ ကြိုပြီးပေးထားခဲ့တာကို
ဘယ်မှာချောင်ထိုးခဲ့လဲ

အသုံးမကျလိုက်တဲ့Chen မာနကမိုးထိ
နေပြီ နောက်ဆုံးတော့ နောက်တစ်ကြိမ်
ကိုယ်ပဲ စိတ်လျှော့ရတော့မယ်

""""""""""""""

" အရှင်ဆိုလိုတာ "

" သူ့ကိုကယ်ထုတ်သွားပြီး နယ်စပ်ထိသေချာလိုက်
ပို့ပေးလိုက် သူ့မွေးရပ်မြေပြန်ပါစေ"

" ဒါပေမဲ့ အရှင် ကြင်ယာတော်Chenကအပြစ်သားပါ "

" အကြိမ်ကြိမ်ပြန်စဉ်းစားပြီးပြီမို့ ထပ်မကြားချင်ဘူး
အရေးကြီးတာ ငါကိုယ်တော် ကယ်တာသူမသိစေနဲ့ Chenနဲ့ရေစက်ကို ဒီမှာတင် ဖြတ်တော့မယ်
သွားခေါ်တော့ "

" ကောင်းပါပြီ အရှင် "

ကိုယ်ရံတော်wan နားလည်မပေးနိုင်
အရှင့်ကိုစတွေ့ထဲက ကျောက်တုံးကို
လိမ့်ချပြီး အန္တရာယ်ပြုခဲ့တဲ့Chenကို
အစထဲက သဘောမတွေ့ အရှင့်ကို
စိတ်မပျက်စေချင်၍သာ အလိုက်ထိုက်
သဘောကျချင်ယောင်ဆောင်ထားရသည်
အခုလည်း နန်းတော်တစ်ခုလုံးဗြောင်းဆန်
အောင်မွှေထားတဲ့ Chenကိုအချုပ်ခန်း
ဖောက်ပြီး ဘေးကင်းစွာပြန်ပို့ပေးရဦးမည်
တစ်ခါခွင့်လွှတ်ပေးတော်ပြီပေါ့ ကိုယ့်အရှင်
သခင်ကိုစိတ်ဒုက္ခပေးလွန်းတယ်

အဆိပ်သင့်ကြင်ယာတော် (Z&U)Nơi câu chuyện tồn tại. Hãy khám phá bây giờ