တစ်နေ့တာ

2.6K 168 10
                                    

အပိုင်း ( ၆ )

Chenအတွက်ဆောက်လုပ်ပေးထားတဲ့
နန်းဆောင်ဟာထည်ဝါလွန်းတဲ့အဆောက်ဦး
ပုံစံမဟုတ်ဘဲ Chenစိတ်ကူးထဲကအတိုင်း
ကျောက်တုံးတွေကြားမှစီးဆင်းသွားတဲ့စမ်းရေ
ဘေးတွင် သေသပ်လှစွာဆောက်လုပ်ထားခြင်း
ဖြစ်သည် ရေစီးဆင်းသံလေးကိုကြားရပြီးကျေးငှက်
သံလေးများလည်းကြားရသည် နန်းဆောင်အဝင်ဝ
မှာတော့ လှပတဲ့ ဒေစီပန်းခင်းရှိသည် သို့သော်
မိဖုရားနန်းဆောင်နှင့်တူနေလျှင် သေမတတ်စိတ်တို
တတ်သည့် ကြင်ယာတော်ကြောင့် ဓားရေးလေ့ကျင့်
ကွင်းနှင့် မြှားပစ်ကွင်းကိုပါ ထည့်ပေးထားရသည်
သို့သော် ထိုအရာတွေကအပိုတော့မဖြစ်ပါ

" Chen မြားပစ်နေတာလား ကိုယ့်ကိုပစ်ပြပါဦး "

" ဒါက ဟီးးး Chenပျင်းလို့ဆော့နေတာ "

" ဟမ် မြားတွေကိုင်ပြီးဆော့နေတာလား "

" ဟို ခွက်ထဲမြှားဘယ်လောက်ဝင်လဲ ပြိုင်နေတာ ဒီမှာ
ကြည့်ပါဦး Chenအများဆုံးပဲနော် "

yixing အတော်လေးငယ်တုန်းကဆော့
ကစားခဲ့တဲ့နည်းက မထင်မှတ်ပဲ Chen
ကအခုထိသဘောကျနေသေးသည်

" ကဲ လာ ကိုယ်တို့အထဲဝင်ရအောင် နေပူလာပြီလေ "

" ဟုတ်ကဲ့ အရှင် "

.

.

" Chen ကိုယ် ပြောစရာရှိတယ် "

" ဟုတ်ကဲ့ ပြောပါ "

" ကိုယ် စစ်သူကြီးLeeနဲ့အတူ စစ်မြေပြင်သွားရမယ်
Chen "

" လိုက်လို့မရဘူးလား Chenတစ်ယောက်ထဲ ကျန်ခဲ့ရမှာ
အရှင်က တခြားနေရာလည်းသွားခွင့်မပေးထားဘူး စကား
ပြောခွင့်လည်းမရှိဘူး အရှင်ပါမရှိရင်ဘယ်လိုနေရမလဲ "

" Chenရယ် စစ်ပွဲဆိုတာကြမ်းတမ်းတယ် မခေါ်သွားပေး
နိုင်ဘူး ကိုယ့်စကားနားထောင်ပါ "

" ဟင့်အင်း အရှင်သွားတဲ့နေရာမှန်သမျှ Chenလိုက်မှာ
မတားနဲ့ "

" တော်တော့ Chen မင်းလိုက်ရင် အကူညီမရတဲ့ပြင်
ကိုယ်စိတ်ပူရတာပဲရှိမယ် စစ်မြေပြင်ကမင်းဆော့ကစားနေ
ကျပန်းခင်းမဟုတ်ဘူး ထားတဲ့နေရာမှာပဲနေ "

အဆိပ်သင့်ကြင်ယာတော် (Z&U)Donde viven las historias. Descúbrelo ahora