Unicode
💛အပိုင်း-၁💛
နှလုံးသားလေး စပြီးခုန်မြည် ချစ်တတ်ပြီဆ်ိုကတည်းက
လူတိုင်းမှာ ပထမဆုံးချစ်ဖူးတဲ့ အချစ်ဦးတော့ ရှိကြမည်မဟုတ်ပါလား??အချစ်ဦး~~
အချိူ.့ကအချစ်ဦးဆိုတာကို ပထမဆုံးချစ်ဦးသူလို့ သတ်မှတ်တယ်.
အချိူ.့ကတော့ နှလုံးသားထဲကနေ နက်နက်နဲနဲချစ်မိသွားတဲ့ ပထမဦးဆုံးသူကိုသာလျှင် အချစ်ဦးလို့သတ်မှတ်တယ်.
ကျွန်မအတွက်တော့ ဘယ်လိုသတ်မှတ်ချက်မျိူ.းဖြစ်ပါစေ
အမြဲတမ်းမှန်ကန်နေတဲ့ မှန်ကန်ချက်တွေပါပဲ.မောင်~
ကျွန်မရဲ့ချစ်ဦးသူအတွက် ဟိုးနှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ ဖြစ်တည်လာတဲ့ နာမ်စားလေးတစ်ခု.
ကျွန်မရဲ့ချစ်ဦးသူ မောင်က ကျွန်မရဲ့ပထမဆုံးချစ်သူဖြစ်သလို
ကျွန်မနက်နက်နဲနဲချစ်မိတဲ့ ပထမဦးဆုံးသော ယောက်ျား.ကျွန်မနှလုံးသားရဲ့ ထာဝရအရှင်သခင်.
# J💛K
Sakuraတွေဝေနေတဲ့ ဆောင်းရာသီရဲ့ မနက်ခင်းလေးတစ်ခု.
အထက်တန်းအောင်ပြီး ပထမဆုံး တက္ကသိုလ်စတက်ရတဲ့နေမို့ စိတ်တွေက ပေါ့ပါးလန်းဆန်းလို့နေသည်။
ပန်းနုရောင် ဒေါက်ကလေးအား ခြေဖဝါးမှာဝတ်ဆင်ကာ မြောက်ကြွမြောက်ကြွ လှမ်းချီနေတဲ့ သူမ.
လေအဝှေ့တိုင်း ဝဲလွင့်သွားတဲ့ ပန်းနုရောင်ဂါဝန် အောက်အနားစလေးတွေက Sakuraရဲ့ပွင့်ဖက်လေးတွေအလား.
Tokyoမှာ ကျောင်းတက်ရဖို့က သူမရဲ့မဟာအိပ်မက်.
အဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ သူမစာတွေမအိပ်မနေကျက်ခဲ့ရတယ်.
ပင်ပန်းသမျှကို မညီးညူ.ပဲ မဆုတ်မနှစ်ကြိုးစားခဲ့တဲ့ရလဒ်က
Japanမှာ ပညာသင့်ခွင့်ပဲလေ.ဒါက သူမရဲ့Targetတစ်ခု.
အမှန်တကယ်ဖြစ်လာတဲ့အိပ်မက်တွေအတွက် သူမပျော်ရွှင်မိတာ အလွန်တော့မရှိ.
အထူးသဖြင့် Tokyoမြို့ရဲ့အလှအပတွေမြင်တော့ သူမပိုလို့တောင် ပျော်ရွှင်မိသေး.
YOU ARE READING
💛မောင့်မဟေသီ💛 💛ေမာင့္မေဟသီ💛
RomanceUnicode... နှလုံးသားလေး စပြီးခုန်မြည် ချစ်တတ်ပြီဆိုကတည်းက လူတိုင်းမှာ ပထမဆုံးချစ်ဖူးတဲ့ အချစ်ဦးတော့ ရှိကြမည်မဟုတ်ပါလား?? အချစ်ဦး~~ အချိူ.့ကအချစ်ဦးဆိုတာကို ပထမဆုံးချစ်ဦးသူလို့ သတ်မှတ်တယ်. အချိူ.့ကတော့ နှလုံးသားထဲကနေ နက်နက်နဲနဲချစ်မိသွားတဲ့ ပထမဦးဆုံ...