Part 1

5.7K 193 14
                                    

Zawgyi >>>

BeamYinnawan

ကျွန်တော့်မှာ သိပ်ကိုပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးရှိခဲ့တယ် Porရယ် Maaရယ် ကိုကိုရယ် ကျွန်တော်ရယ်ပေါ့ ကိုကိုနာမည်က Tawan Yinnawanပေါ့ ကိုကိုကအကြီးပီပီ ကျွန်တော့်ကိုဆို သိပ်ဂရုစိုက်တယ် ကျွန်တော်တို့ ညီကို၂ယောက်ဟာ ဘယ်တုန်းကမှာ ပြသနာဖြစ်တယ်ဆိုတာမရှိခဲ့ဘူး ဒါကြောင့်လည်း Por ရောMaaပါ ကျွန်တော်တို့အတွက် စိတ်ချမ်းသာခဲ့ကြတယ် ဒါပေမဲ့ အဲ့ပျော်ရွှင်မှုတွေက ကျွန်တော်အသက် ၁၃နှစ်အရွယ်လောက်မှာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားခဲ့ရတယ် Porက အရင်လိုမဟုတ်တော့ဘဲ လောင်းကစားတွေ အရမ်းကို လုပ်လာတယ် အဲ့လောင်းကစားကြောင့်ဘဲ ကျွန်တော်တို့မိသားစုမှာ အကြွေးတောထဲ နစ်မြုပ်ခဲ့ရတယ် ဒါပေမဲ့ Porကတော့ တနေ့ထက်တနေ့ လောင်းကစားတွေပိုပို လုပ်လာတယ် အဲ့ဒီစိတ်နဲ့ဘဲ Maaလည်း အိပ်ယာထဲလဲခဲ့ရတယ် သိပ်မကြာခင်ဘဲ Maaဆုံးပါသွားခဲ့တယ် Porကတော့ ကျွန်တော်တို့ ညီအကို ၂ယောက်ကို သူ့အစ်မဖြစ်တဲ့ ကြီးကြီးအိမ်မှာ အပ်ထားခဲ့ပြီး အဲ့တည်းက သတင်းပျောက်သွားခဲ့တယ် ကြီးကြီးက ကျွန်တော်တို့ ညီအကို၂ယောက်ကို အစေခံသာသာ သာထားခဲ့တယ်
ဒီအကြောင်းတွေကို Bangkokက ကျွန်တော်တို့ဘွားဘွားကသိပြီး ကျွန်တော်တို့ ညီအစ်ကို ၂ယောက်ကို Bangkokကို ခေါ်ထားခဲ့တယ် အဲ့အချိန်တည်းက ကျွန်တော်ဆုံးဖြတ်ခဲ့တယ် ဒီKoh Kradan ကျွန်းကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့လေ အခုတော့ ကျွန်တော့်အသက် ၂၄ရှိပြီ အခုဆို ကျွန်တော်က SB5 Magazine ရဲ့ သတင်းထောက်တယောက်ပေါ့ ကျွန်တော့်မှာ သတင်းလိုက်ကျွမ်းကျင်တဲ့ နောက်ထပ်သူငယ်ချင်း ၂ယောက်ရှိသေးတယ် သူတို့ကတော့ Phana နဲ့ Kitလို့ခေါ်တယ် ကျွန်တော်တို့ ၃ယောက်က တက္ကသိုလ်တက်တည်းက အခုအလုပ်ရတဲ့ထိ အမြဲအတူတူရှိခဲ့ကြတယ် SB5 Magazine ရဲ့ အလင်းရောင်လေးတွေပေါ့ သူဌေးဖြစ်တဲ့ P'Pringကလည်း ကျွန်တော်တို့ ၃ယောက်လုံးရဲ့ seniorလည်းဖြစ်တာကြောင့် ကျွန်တော်တို့ကို သူ့ညီလေးတွေလို ဂရုစိုက်တယ် ယုံကြည်တယ် အခုလည်း ရာထူးတိုးအတွက် ကျွန်တော်တို့ ၃ယောက်ကို အရေးပေါ်အစည်းဝေးဆိုပြီး ခေါ်ထားတယ်လေ.....

Crush on you.... Where stories live. Discover now