Part 6

1.5K 129 10
                                    

Zawgyi>>>

Forth : ဘယ်လိုလဲ Beam အခန်းကိုသဘောကျရဲ့လား
ကျွန်တော်အခန်းထဲခြေလှမ်းလိုက်စဉ်မှာ ကျွန်တော့်နှာဖျားကို ဖြတ်သွားတဲ့ lavender air freshener ရနံ့လေးကြောင့် စိတ်ထဲကြည်နူးမိတာတော့အမှန်ဘဲ ။ lavenderရနံ့လေးကို ကျွန်တော်သိပ်သဘောကျတယ် ဒီရနံ့ကစူးခနဲဖြစ်မနေဘဲ နူးညံ့တဲ့အငွေ့အသက်လေးတွေကို ပေးစွမ်းနေသလိုခံစားရလို့လေ ။
သူများတွေကတော့ ကျွန်တော့်ကို တမျိုးတော့ ထင်ကောင်းထင်နိုင်တယ်ဗျ ။ ဘာလို့ဆို ဒီရနံ့ကို မိန်းကလေးအတော်များများကဘဲ နှစ်သက်သဘောကျကြတာကိုဗျ ။ ကျွန်တော်ကြိုက်တဲ့အရောင်က လည်းအပြာရောင်လေ ။ အပြာသာဆိုရင် အနုဘဲဖြစ်ဖြစ် အရင့်ဘဲဖြစ်ဖြစ် ဘယ်လိုအပြာရောင်ကိုမဆို ကျွန်တော်သဘောကျတယ်လေ။ ဒီအခန်းကလည်း တခန်းလုံးပြာနေတာတော့မဟုတ်ပေမဲ့ အခန်းထဲက ပစ္စည်းတချို့နဲ့ ကုတင်ရဲ့ခေါင်းရင်းပိုင်းနံရံကိုတော့ အပြာရင့်ရောင်လေး ချယ်မိုးပေးထားတယ်တာမို့  ကျွန်တော်တော်တော်လေးကို သဘောကျမိတယ် ။ ကျွန်တော့်မျက်နှာကြီးကတော့ တကယ် ပြုံးဖြီးနေတော့မှာအသေချာပင်....

Forth : ဘယ်လိုလဲ Beam အခန်းကိုသဘောကျရဲ့လား ကျွန်တော်အခန်းထဲခြေလှမ်းလိုက်စဉ်မှာ ကျွန်တော့်နှာဖျားကို ဖြတ်သွားတဲ့ lavender air freshener ရနံ့လေးကြောင့် စိတ်ထဲကြည်နူးမိတာတော့အမှန်ဘဲ ။ lavenderရနံ့လေးကို ကျွန်တော်သိပ်သဘောကျတယ် ဒီရနံ့ကစူးခနဲဖြစ်မနေဘဲ န...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Forth : Beam သဘောကျနေတယ်ထင်တယ်နော် မျက်နှာက ပြုံးချိုနေတာဘဲ

ကျွန်တော်လည်း နည်းနည်းရှက်တာမို့ ချောင်းတချက်ဟန့်လိုက်ကာ...

Beam : အဟမ်းးးး သိပ်တော့လည်းမဆိုးလှပါဘူးလေ

Forth : ဟုတ်ပါပြီ ဒါဆိုလည်း Beamနားလိုက်ဦးလေ
နေ့လည်စာစားခါနီးကိုယ်လာခေါ်မယ်

Beam : ဟုတ်...

Forthလည်းအခန်းထဲကထွက်သွားတော့ နူးညံ့အိစက်နေတဲ့ မွေ့ယာထက်ကို Beamတယောက်ခြေပစ်လက်ပစ်နဲ့ကို လှဲလိုက်တော့တယ်
Beam : woaaa... အခုမှဘဲ အိပ်ချင်လာသလိုဘဲ

Crush on you.... Where stories live. Discover now