Zawgyi>>>
မိုးကောင်းကင်ကြီးထက်၌ တိမ်သားတို့ကင်းစင်ကာ ရာသီဥတုမှာ သာယာလှသည် ။ ကျွန်တော်လည်း မဂ္ဂဇင်းတိုက်၏ အမိုးထပ်၌ထိုင်ကာ ငြိမ်းချမ်းသော ရာသီဥတုအားခံစားနေမိသည် ။
ရုတ်တရက်မြည်လာသော ဖုန်းသံကို ကြည့်လိုက်တော့မှ....
Beam : Hello!!
Forth : Beamလား
Beam : ခင်များ ဘယ်သူ့ဆီကိုဆက်နေတာလဲ
Forth : ကိုယ်က Beamဆီကိုဆက်တာလေ
Beam : အဲ့တာဆို ဘာလို့ Beamလားလို့မေးနေသေးတာလဲ ဟူးး
Forth : အိုးးးဟို အသံလေးကြားချင်လို့ဖုန်းဆက်တာကို ရန်တွေ့နေတော့တာဘဲ ကိုယ့်ကိုသတိမရဘူးလား
Beam : ရူးနေလို့ သတိရရမှာလား
Forth : ကိုယ်စိတ်မကောင်းဖြစ်သွားပြီ😔😔
Beam : အသက်ရွယ်နဲ့မှမလိုက် လာချွဲနေတာလား
ကာစီနိုကိစ္စတွေရော အဆင်ပြေရဲ့လားForth : လုပ်ငန်းတွေကတော့ အားလုံးငြိမ်နေပါသေးတယ် မငြိမ်တာက ကိုယ့်စိတ် ကိုယ်မင်းကိုအရမ်းတွေ့ချင်နေတယ်
Beam : ဗျာ!!
Forth : ဟုတ်တယ် မင်းနဲ့မတွေ့ရတာ ၃ရက်တောင်ရှိပြီ ကိုယ့်အနားမှာ ရန်တွေ့မဲ့သူမရှိတော့ ကိုယ်နေရတာတမျိုးကြီးဘဲ
Beam : ခင်များတွေ့ချင်ရင် ဘန်ကောက်ကိုလာခဲ့လေ ခင်များကို ကျွန်တော်မြို့အနှံ့လိုက်ပို့ပေးမယ်
Forth : တကယ်လား Beam! ကတိနော်
Beam : အင်း ကတိ!! ဖုန်းချလိုက်တော့မယ် ကျွန်တော်အလုပ်ရှိသေးတယ်
Forth : အင်းပါ ကောင်းသောနေ့လေးဖြစ်ပါစေနော်
Forthရဲ့ စကားအဆုံး၌ အပြုံးပန်းတစ်ပွင့်ပန်ကာ ဖုန်းချလိုက်သည် ။ သို့သော်လည်း တစ်ဖက်လူပေးလိုက်သော လေပြေအနမ်းကိုတော့ Beamတစ်ယောက်မသိလိုက်ချေ ။
--------------------------------------
Kun : Bossကျွန်တော်တို့ ကာစီနိုကိစ္စအတွက် ရုံးထိုင်ဖို့ရှိပါတယ်
Forth : အင်း ပြီးရင် ဘန်ကောက်ကိုဆက်သွားကြတာပေါ့
Khoe : တို့ Bossက Khun Beamကို သတိရနေပြီထင်တယ်
YOU ARE READING
Crush on you....
FanfictionZawgyi+Unicode ဒီFicလေးကတော့ Mon Jun Tra ဆိုတဲ့ Thai ဇာတ်လမ်းတွဲလေးကို အခြေခံပြီး ရေးထားတာပါ ဇာတ်လမ်းကတော့ normal ဇာတ်လမ်းလေးပါ အခုကတော့ BL အနေနဲ့ပြောင်းပြီး ForthBeam လေးနဲ့ပုံဖော်ကြည့်လိုက်တာပါ အမှားလေးများပါသွားခဲ့ရင်လည်း နားလည်ပေးကြပါလို့♥♥♥♥ ဒီ...