Part 34

728 47 14
                                    

Zawgyi>>>

ဆေးရုံထက်၌ ၂ရက်လောက်နားပြီးသည်နှင့် အိမ်သို့ပြန်ခဲ့လေသည်။ ဒဏ်ရာကအလျင်း ပျောက်သွားသည်တော့မဟုတ်သော်လည်း ဆေးရုံတက်ရခြင်းကိုတော့ Beamအတော်လေး ငြီးငွေ့လှသည်။ ထို့ကြောင့်လည်း အစ်ကိုဖြစ်သူအား ပူဆာပြီးသာဆေးရုံမှ ဆင်းခဲ့ရသည်။

အိမ်ဆီပြန်ရောက်တော့လည်း အနားမရ...
Neungလေး၏ ကစားဖော်အနေနှင့် ညီအစ်ကိုနှစ်ဦးမှာ ပူးကပ်နေလေသည်မို့ Forthမှာထိုကလေးနှစ်ဦး၏ အထိန်းတော်သဖွယ်ပင်။ အိမ်၏အထူးစားဖိုမှူး ဆိုလည်းဟုတ်သည်။ Tawan air lineရှိချိန်မို့ Forthကသာလျှင် ထိုအိမ်၏ အိမ်ကြီးရှင်သဖွယ် ဖြစ်နေသည်။

အပေါ်ထပ်ရှိ Beam၏ အိပ်ခန်းသည် Neungလေးအတွက်တော့ ကစားကွင်းသဖွယ်ပင်။
Beamပစ္စည်းများနှင့်ကော Neungလေး၏ ကစားစရာများနှင့်ပါ အခန်းလေးမှာပိုပြီးပင် ရှုပ်ပွနေလေရဲ့....
အောက်ထပ်ရှိ စားဖိုဆောင်တွင်တော့ KhunForthတစ်ယောက် အေပရွန်အား ကျကျနန၀တ်ကာ အိုးကြီးအိုးငယ်အသွယ်သွယ်ဖြင့် လက်စွမ်းပြနေလေသည်။

ပင်စိမ်းအနံ့လေးသင်းတက်လာသော ကြက်သားသောက်စမ်းမှာလည်း စားချင်စားဖွယ်...
ဝက်အူချောင်းတို့အား အသင့်တင့်တုံးထားပြီး ကလေးငယ်အကြိုက် ကြက်သွန်ပါးပါးကလေးဖြင့် အချိုချက်ကလေးချက်ထားပေးသည်။ မုန်လာဥအနီကို ကြာညို့ကလေးစမ်းကာ ကလေးကြိုက်ပုံစံလေး ပြင်ဆင်ပေးထားသည်။ Beamတို့ညီအစ်ကို သုံးယောက်လုံး မုန်လာဥကိုတအားကြိုက်ကြသည်ကို Forthသိသည်မို့... (ရေးရင်းနဲ့ ကိုယ်ပါဗိုက်ဆာလာတယ် ကိုယ်စားချင်တာတွေကောက်ရေးနေသလိုဘဲ...)

Kun:ဘာကူရဦးမလဲ Boss

Forth:ရပါတယ် ကိုယ်တိုင်ဘဲချက်လိုက်မယ် မင်းလည်းတစ်ခါတည်းဝင်စားလိုက်လေနော်

Kun:ရပါတယ် Boss ကျွန်တော်အပြင်မှာဘဲ...

Forth:ငါ့ကို မင်းအစ်ကိုတစ်ယောက်လို သတ်မှတ်နိုင်တယ်ဆို အတူသာလာစားချည်..

Beam:ဟုတ်သားဘဲ Kunရဲ့ ၀င်စားလိုက်လေ တော်ကြာ Khoeက သူတို့ Bossက သူ့လူကိုပစ်ပယ်ထားတယ် ထင်နေဦးမယ်

လှေကားမှ ဆင်းလာရင်း Forthစကားအား ထောက်ခံလိုက်သည်။

Kunဆိုသော လူသားသည်လည်း Khoeဆိုသော နာမည်လေးကြားရုံနှင့်ပင် ရှက်သွေးကြွယ်နေလေရဲ့....

Crush on you.... Where stories live. Discover now