Part 29

732 55 6
                                    

Zawgyi>>>

အရုဏ်တက်ချိန်ဖြစ်တာမို့ချမ်းစိမ့်သော အငွေ့အသက်လေးကိုရနေသေးသည်။နေမထွက်သေးတာမို့ ကောင်းကင်းယံ၌ အလင်းထင်းထင်းထွက်ပေါ်မလာသေးပေ။
ကန်ဘောင်ဆိုတာမျိုးကလည်း မနက်စောစောတက်မှ နေလို့ကောင်းတယ်မဟုတ်လား ။ Beamက အအိပ်မက်တယ်ဆိုပေမဲ့ အလုပ်တွေပြီးလို့ စိတ်အနားပေးချင်တဲ့အခါ မနက်စောစောထပြီး ကန်ဘောင်ကိုပြေးတတ်သည်။ ဒါသည်လည်း ချာတိတ်ကလေးရဲ့အလေ့ကျင့်လေးတစ်ခုလို့ဆိုရမလား ။

နေထွက်ခါ နီးပြီမို့ကောင်းကင်းတစ်ခွင်မှာ လိမ္မော်ရောင်နီသွေးသွေးအလင်းတို့က ပေါ်ထွက်လာလေပြီ။ အရောင်လှလှတိမ်စိုင်တို့ကလှပတဲ့နံနက်ခင်းဆည်းဆာဟုဆိုကာ ကောင်းကင်ယံမှာပြေးလွှားနေလေရဲ့ ။

ချာတိတ်ကတော့ မျက်လုံးကလေးကိုမှိတ်ကာ လက်နှစ်ဖက်ကိုဆန့်တန်းထားပြီး ကန်ရေပြင်အား မျက်နှာမှုလျက် စိတ်အေးချမ်းမှုကိုခံစားနေသည်။
ဒီတပတ်လုံး ပင်ပန်းထားရသည်မို့  ဦးနှောက်အားအနားပေးရန်လိုနေလေပြီ ။

အလုပ်ကိစ္စတို့ အဆင်ပြေပြေပြီးသွားသည်မို့ မျက်နှာကလေးမှာ ကြည်လင်ကာနေသည်။ အလုပ်ဂျိုးလေးမို့ အရမ်းအပင်ပန်းမခံပါနဲ့လို့ ကိုယ်ကပြောရင်သူကမကြိုက်ချင်။ ကလေးကိုထိန်းချင်လိုက်တာဆိုတာလည်း သူ့အပြင်နှစ်ယောက်မရှိ။ အလုပ်များတဲ့ကြားကတောင် ပြန်ရောက်ပြီဆို Tawanအခန်းကိုသွားပြီး Neungလေးကိုသွားချော့သိပ်ရတာအမော။ ဒါတောင်ဒီနေ့ရုံးသွားရင် Neungလေးကို ရုံးခေါ်သွားမယ်ပြောနေသေးရဲ့။ တကယ့်ဇွတ်တရွတ်လေး။
အခုလည်း မနက်စောစောထလမ်းလျှောက်တာကို ကလေးကိုပါခေါ်လာလေရဲ့။ သားငယ်ကတော့ Beamနဲ့ဆို အမြဲပျော်နေတတ်တာမဟုတ်လား။ သူ့အကိုကလည်း သူ့အလိုကိုဆို တအားလိုက်တတ်သူမို့ထင်ရဲ့ Beamအနားကိုဘဲ ကပ်ပြီးတချိန်လုံးဆိုးနွဲ့နေတော့တာ ။

Neung: ဦးဦး သား ဗိုက်ဆာပြီ

Beam:Neungလေးက ဗိုက်ဆာလို့လားဗျ ဒါဆိုဦးဦးBeamက Neungလေးစားချင်တာ ကျွေးမှာပေါ့
Neung:Neungရေခဲမုန့်စားချင်တယ်

Forth:သားသား မနက်အစောကြီးရေခဲမုန့်မစားရဘူးလေ

Neung:ဖေဖေကလည်း....

Crush on you.... Where stories live. Discover now