Part 24

970 71 22
                                    

Zawgyi>>>

ဘန်ဂလိုအခန်းကလေးများက ပင်လယ်ပြာပြာအားဦးတည်လျက်အကွာဝေးခြားပြီး စီတန်းစွာတည်ရှိနေသည် ။ ဘန်ဂလို၏၀ရံတာအဖီကလေးဆီမှသည် လျှောက်လမ်းကလေးအတိုင်းလျှောက်လိုက်လျှင် ငွေရောင်တလက်လက်ထနေသောကမ်းခြေဆီသို့ရောက်လေပြီ ။ ကမ်းခြေသည်၌ သစ်ပင်များရှိနေသည်မို့ ပူပြင်းမနေဘဲ စိမ်းစိုအေးမြနေသည် ။ မျက်စိတစ်ဆုံး ပင်လယ်မြင်ကွင်းမျိုးမဟုတ်ဘဲဟိုတစ်စုသည်တစ်စုတည်ရှိနေသော နီးစပ်ကျွန်းကလေးများမှာလည်း အမြင်ဆန်းကာလှပနေသည် ။

ရေပြင်ကိုလျှောက်လှမ်းလိုက်လျှင်လည်း ရေအောက်ရှိ သန္တာကျောက်တန်းများ တလက်လက်ထနေသောပုံဆောင်ခဲ နှင့်ကျောက်ခဲရောင်စုံကလေးများ ရေ၌လျှပ်ပြေးပျော်မြူးနေသော ငါးကလေးများကိုပင် အထင်းသားမြင်တွေ့နိုင်သည်အထိ ရေပြာပြာမှာကြည်လင်လွန်းလှသည် ။ ကမ်းခြေ၏အလှကို မခံစားဖူးသည်တော့မဟုတ်ပေမဲ့ ဤနေရာလေးကတော့ အတော်လေးအေးချမ်းဆိတ်ငြိမ်လွန်းလှသည် ။

တကယ့်ကို ကြည်လင်နေတာပါနော် ။

ကမ်းခြေလေနုအေးအေးကတစိမ့်စိမ့်တိုက်ခတ်နေသည်မို့ အုန်းလက်အဆင်ဖြင့်ရှပ်အင်္ကျီကလေးမှာ လေထဲတလွင့်လွင့်နှင့်ဖြစ်နေသည် ။ ကမ်းခြေ၏ရသထက် တိတ်ဆိတ်အေးချမ်းမှုကို အပြည့်အ၀ကိုခံစားမိသည်မို့ သဘောကျမိသည် ။

"ကိုယ်တို့ရောက်နေတာ KohKradan Beachလေ
ဒီresortက ဒီကျွန်းတစ်ခုလုံးရဲ့ အနားယူလို့အကောင်းဆုံးနေရာဘဲပေါ့ တိတ်ဆိတ်ပြီးတော့အေးချမ်းတယ် အနောက်ဘက်မှာကတောင်ကုန်းတွေက၀န်းရံထားတယ်
ရေကလည်းကြည်လင်နေတာ Beamစိတ်ထဲ အရမ်းအေးချမ်းနေတယ်မဟုတ်လား "

ကော်ဖီနွေးနွေးနှစ်ခွက်အား ယူလာပြီးသူ့ဆီသို့ တစ်ခွက်ကမ်းပေးလိုက်ရင်းစကားဆိုလိုက်သည် ။ ထို့နောက်လက်တစ်ဖက်က သူ၏ပခုံးကလေးအား အသာလေးဖက်ထားသည် ။

Beam :ဟုတ်တယ် တကယ်အေးချမ်းမှုဘဲ
ဒီresortကတစ်ခါတည်းရင် ဈေးအတော်လေးပေးရမှာဘဲနော်

Forth : အင်း သိပ်လည်းမပေးရပါဘူးနော် ဒါပေမဲ့လည်း ဒီresortက၀န်ဆောင်မှုတော့အရမ်းကောင်းတယ်လေ Spaလုပ်ချင်ရင်လည်းရတယ် Yogaလေ့ကျင့်ချင်ရင်လည်း နည်းပြရှိတယ် သီးသန့်ခေါ်သင်လို့လည်းရတာပေါ့ ပြီးတော့ ကိုယ်ပိုင်ကမ်းခြေလေးနဲ့တသီးတသန့်တည်းချင်ရင်လည်းတည်းလို့ရတယ်

Crush on you.... Where stories live. Discover now