Part 5

1.7K 124 20
                                    

Zawgyi>>>

ကျွန်းကိုရောက်တော့ ဆေးဖြူသုတ်ထားတဲ့ သစ်သားတံတားတိုလေး ပေါ်ကနေစောင့်ကြိုနေတဲ့ ကလေးငယ်လေးတယောက် လက်ထဲမှာလည်း မီးခိုရောင်ဆူပုတ်ပုတ်နှင့်ကြောင်ကလေးကို မနိုင့်တနိုင်နှင့် ပိုက်ထားသေးတယ် ကလေးငယ်ပုံစံကလည်း သူထွေးပွေ့ထားသော ကြောင်ကလေးကဲ့သို့ ကစ်ကစ်လုံးလုံးပုံစံ ကလေးနှင့်ပင်။ သူကတံတားလေးပေါ်ကနေ Porဆိုပြီးလှမ်းအော်နေတယ်။ ကလေးငယ်ရဲ့Porလို့ခေါ်သံ လေးကြောင့် KhunForth မျက်နှာမှာပေါ်လာတဲ့ အပြုံးတပွင့်က ကျွန်တော်သိပ်သတိရနေခဲ့တဲ့ ဟိုးတချိန်တုန်းက ကျွန်တော့် Porရဲ့အပြုံးလိုဘဲ နွေးထွေးမှုရယ်ချစ်ခြင်းမေတ္တာရယ်ယုယ ကြင်နာမှုတွေနဲ့ ပြည့်နှက်နေတယ် ။ အိုး...နေပါဦး ဒါဆိုသူက ကလေးအဖေပေါ့လေ... သူဘာတွေလျှိဝှက်ထားတာလဲ ဒီကလေးကကော ဘယ်သူနဲ့ရတာလဲ ဒီလိုဆိုသူ့မိန်းမကရောဘယ်သူများလဲ...

Boatပေါ်ကဆင်းဆင်းချင်းဘဲ သားသားလို့အော်ပြီး ဖြူဖြူကစ်ကစ်ကောင်လေးဆီသိုဦးတည်သွားတဲ့သူ့ပုံစံကိုကိုတော့ ကျွန်တော်သဘောကျမိတယ် ဒီပုံစံက ကျွန်တော်ဘယ်တော့မှပြန်တွေ့ခွင့်မရှိနိုင်တော့တဲ့ porကို သိပ်လွမ်းစေတယ်လေ ဒါပေမဲ့လည်းကျွန်တော့်စိတ်ထဲက နာကျင်မှုကပိုမိတယ် အခုလည်းကျွန်တော်တို့မှာ တွေ့ဆုံခွင့်ဆိုတာမရှိနိုင်တော့ဘူးလေ..
ကျွန်တော်အတွေးလွန်ပြီး ပင်လယ်ကိုငေးရင်းနဲ့ မျက်ရည်တွေက မျက်လုံးထဲမှာပြည့်နှက်လာတယ် အရှေ့ကပင်လယ်ပြင်ကြီးကိုတောင်ေ၀၀ါးသွားတဲ့အထိပေါ့
အဲ့အချိန်မှာဘဲငိုအံ့ဆဲဆဲဖြစ်နေတဲ့ကျွန်တော့်ရဲ့လက်ကိုထိလာတဲ့ နွေးထွေးနူးညံ့တဲ့ လက်တစ်စုံကြောင့် ကျွန်တော်သတိပြန်ဝင်ခဲ့ရတယ် သြော်...ထိုကလေးငယ်ဘဲ
ဒီကလေးငယ်အမူအရာနှင့်ပုံစံကလေးတွေက စိတ်ထဲတွင်ရင်းနှီးနေသလိုပင် ....

'ဦးဦးက Porရဲ့ချစ်ရတဲ့သူဆိုတာလားဟင် သားနာမည်က Neungပါ ဦးဦးကသားလိုဘဲချစ်စရာလေးနော်'

တွေ့တွေ့ချင်းမှာပင် သူ့နှုတ်ခမ်းဖူးဖူးလေးကနေ ချစ်စရာစကားလုံးလေးတွေနဲ့ ကြိုဆိုပေးတဲ့ထိုကလေးငယ်ကို ကျွန်တော်အသည်းယားလွန်းတယ် ကျွန်တော့်ကိုလာ နှုတ်ဆက်ပြီး တခစ်ခစ်ရယ်နေတဲ့သူ့ရဲ့ ရယ်သံလေးတွေကြောင့် ကျွန်တော့်ကို ချိုမြိန်မှုနွေးထွေးမှုဆိုတာကိုခံစားရစေတယ်
ကျွန်တော်သူ့ရဲ့ပါးဖောင်းဖောင်းအိအိလေး၂ဖက်ကို ညင်သာစွာဆွဲလိုက်တော့ ကျွန်တော့်ကိုကြည့်လာတဲ့သူ့ရဲ့ ၀ိုင်းစက်တဲ့မျက်လုံးလေးတွေက KhunForthဆီကများ ဆက်ခံထားလေးသလားလို့ပင် တွေးမိလိုက်သေးတယ်...

Crush on you.... Where stories live. Discover now