Zawgyi>>>
ကမ်းစပ်တစ်လျှောက် ပင်လယ်ကိုဖြတ်သန်းကာ တိုက်ခတ်လာသော လေနုအေးကလေးကလည်း တဖြူးဖြူးနှင့်ပင် ။ ညအချိန်ခါမို့ ကောင်းကင်ယံ၌ လင်းလက်နေသော လပြည့်ဝန်းကြီးမှာလည်း ပြုံးနေသလိုပင် ။ သဲသောင်ဖွေးဖွေးပေါ်တွင် ဆိတ်ငြိမ်စွာ ထိုင်နေကြသော ကျွန်တော်တို့နှစ်ယောက် ။ ကျွန်တော့်ဘေးနားကကောင်ကလေးကတော့ လမင်းကြီးကို ငေးကြည့်နေကာ သိပ်လှသော အပြုံးတစ်ပွင့်ကို သူပန်ဆင်ထားသည် ။ ထိုကောင်လေးသည် ကျွန်တော့်ဘ၀အတွက်တော့ လမင်းကြီးကဲ့သို့ လမ်းမှန်ကို ပြပေးခဲ့သူပင် ။
Beam : ခင်များ.. ကျွန်တော့်ကို ယုံလား Forth
Forth : အင်း ကိုယ်မင်းကိုယုံတယ်
Beam : ကျွန်တော် ခင်များသတင်းတွေကို လျှောက်ဖြန့်လိုက်မှာကို မစိုးရိမ်ဘူးလား
Forth : မင်းကတော့ ဘယ်တော့မှ ကိုယ့်အပေါ်သစ္စာမဖောက်ဘူးဆိုတာကို ကိုယ်သိနေတယ်
Beam : ကျွန်တော် လောင်းကစားကို သိပ်မုန်းတယ်ဆိုတာ ခင်များသိနေတာဘဲမဟုတ်လား
Forth : ဟုတ်တယ် ကိုယ်သိတယ် ပြီးတော့... ဘာလို့မုန်းလဲဆိုတာကိုရော ကိုယ်သိနေတယ်
Beamနူးညံ့စွာ ထပ်ပြုံးလိုက်ရင်း...
Beam : ခင်များရော... ဘာလို့ casinoဆောက်ဖို့ အကြံရတာလဲ ဒီလောင်းကစားဆိုတာက လူတွေကို ယစ်မူးပြီးရင်းယစ်မူးလာစေတယ် အကြွေးနွံထဲကို နစ်မှန်းမသိနစ်ဝင်စေတယ်လေ
Forth : ဒါပေမဲ့ ကာယကံရှင်ရဲ့ စိတ်ဆန္ဒသာမပါရင် ကစားပွဲဆိုတာကလည်း ဖြစ်လာမှာမဟုတ်ဘူးလေ
ကျွန်တော်တကယ် Forthကိုနားမလည်နိုင်ပါ ။ သို့ပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော်လည်း မည်သို့မျှနားမလည်နိုင် ။
ကျွန်တော်လောင်းကစားကို မုန်းသည် ။ နာနာကြည်းကြည်းဖြင့်ကို မုန်းသည် ။ သို့ပေမဲ့ လောင်းကစားရုံပိုင်ရှင်ကိုတော့ ကျွန်တော်သိစိတ်ကရော မသိစိတ်ကပါ စွဲလန်းမိနေသည် ။ကျွန်တော်တို့နှစ်ယောက်ကြား အခြေနေက အတော်အတန်ဆိတ်သွားပြန်သည် ။
YOU ARE READING
Crush on you....
FanfictionZawgyi+Unicode ဒီFicလေးကတော့ Mon Jun Tra ဆိုတဲ့ Thai ဇာတ်လမ်းတွဲလေးကို အခြေခံပြီး ရေးထားတာပါ ဇာတ်လမ်းကတော့ normal ဇာတ်လမ်းလေးပါ အခုကတော့ BL အနေနဲ့ပြောင်းပြီး ForthBeam လေးနဲ့ပုံဖော်ကြည့်လိုက်တာပါ အမှားလေးများပါသွားခဲ့ရင်လည်း နားလည်ပေးကြပါလို့♥♥♥♥ ဒီ...