Part 22

1K 99 16
                                    

Zawgyi>>>

ကျောပြင်မှမီးဟပ်ထားသော ဒဏ်ရာတို့ကဗရာပွနှင့် မြင်ရသူအဖို့ ထပ်တူပင်စိတ်မကောင်းဖြစ်မိစေသည် ။ သူ့ကိုယ်စားဝေဒနာတို့ကို အစားယူလို့ရလျှင် ယူလိုက်ချင်ပါသည် ။ သူဘယ်လောက်တောင်မှ ဝေဒနာခံစားနေရမလဲဟုတွေးကာ ရင့်နှင့်အမျှပင် ထပ်တူထပ်မျှခံစားရသည် ။ သည့်ထက်ပိုခက်သည်ကထိုကောင်လေးပင် ။ သတိရတည်းက သူနာပြုနှင့်ဆရာဝန်တို့မှတစ်ပါး တခြားမည်သူကိုမှအတွေ့မခံ ။

သူ့အားBeamစိတ်ပျက်သွားလေပြီလား သူ့ကိုများမုန်းသွားလေပြီလား ဒါမှမဟုတ် ဒီဖြစ်ရပ်ကြောင့် Beamစိတ်ဒဏ်ရာများရသွားပြီလားစသော မေးခွန်းများစွာနှင့် Forthတစ်ယောက်လူနာခန်းရှေ့ရှိ ခုံတန်းရှည်၌ ညလုံးပေါက်ထိုင်ကာတွေးတောနေလေသည် ။

ခဏကြာတော့ ဆရာဝန်ကြီးနှင့်သူနာပြုဆရာမ လူနာခန်းမှထွက်လာသည် ။

ထိုင်နေရာမှ ချက်ချင်းပင်ထကာ ဆရာဝန်ကြီးအနားအပြေးသွားလိုက်သည် ။

ဆရာဝန်ကြီးအခန်းသို့ရောက်တော့ ....

Forth : ဆရာ... Beamရဲ့အခြေအနေက အရမ်းစိုးရိမ်ရလားဗျ သူသက်ကောသက်သာရဲ့လား

ဖြစ်ကာစကထက်တော့ နည်းနည်းပိုသက်သာလာပါပြီ ဒါပေမဲ့လူနာရဲ့ဒဏ်ရာတွေကတော့ အနာကျက်ဖို့ အချိန်တစ်ခုစောင့်ရဦးမယ် ပြီးတော့လူနာရဲ့ လက်ရှိအခြေအနေအရတော့ သူစိတ်ဓာတ်ကျနေတယ် ဒါ့ကြောင့်ဘယ်သူ့ကိုမှအတွေ့မခံနိုင်သေးတာဖြစ်ပါလိမ့်မယ်
လူနာကို အချိန်နည်းနည်းတော့ပေးလိုက်ပါ KhunForth သူစိတ်ပြန်တည်ငြိမ်လာတဲ့အခါ ခင်များကိုအတွေ့ခံမှာပါ ကျွန်တော်တို့ကလည်း အစွမ်းကုန်ကုသပေးမှာပါ

Forth : အားကိုပါတယ်ဆရာ..

>>>

သတိဝင်ဝင်လာချင်း ခံစားလိုက်မိသည်က သူ့လက်ကိုတင်းကြပ်စွာ ဆုပ်ကိုင်ပေးထားသော ချစ်ရသူ၏လက်ပင် ။

ဒဏ်ရာတို့အား အရက်ပြန်တို့ဖြင့်သန့်စင်ထားသည်မို့ ကျောပြင်တစ်ခုလုံးမှာ ကျိန်းစပ်ကာနေသည် ။ အတော်လေးနာကျင်နေသည်မို့ အနည်းငယ်ညည်းမိသည် ။

Crush on you.... Where stories live. Discover now