Part 13

1.2K 105 10
                                    

Zawgyi>>>

ကျွန်တော်တို့အခု Koh Mukကျွန်းပေါ်မှာဘဲရှိသေးတယ်လေ ။ Siam Hotelမှာပေါ့ ။ ရောက်လက်စနဲ့ ကျွန်တော်လည်း Siam Hotelတစ်ခုလုံးကို ဓာတ်ပုံတွေလိုက်ရိုက်နေမိတယ် ။ ကျွန်တော့်ရဲ့ အလုပ်တာဝန်တွေထဲက တစ်ခုဖြစ်တာကြောင့်လေ ။

Phone Vibrate....

ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းအားထုတ်ကြည့်လိုက်တော့ အမည်မသိဖုန်းတစ်ခုက ၀င်လာတယ် ။

Beam : Hello

မင်္ဂလာပါနော် Khun Beam!!
Koh Muk ကိုရောက်နေတယ်လို့ကြားတယ် ကိုယ်နဲ့လာတွေ့နိုင်မလား

Beam : ခင်များက ဘယ်သူမှန်းမသိဘဲ ကျွန်တော်ကိစ္စလာတွေ့ရမှာလဲ

ကိုယ်က Forthရဲ့ အရင်းနှီးဆုံးလူတစ်ယောက် မင်းမသိတဲ့ Forthရဲ့အကြောင်းတွေကို ကိုယ်ကသိနေမယ်ဆိုရင်ကော

Beam : ခင်များပြောချင်တိုင်းပြောတဲ့စကားတွေကို ကျွန်တော်က ဘာလို့ယုံရမှာလဲ

ယုံတာမယုံတာက မင်းအပိုင်းပါ ကိုယ်ကမင်းအတွက် သတင်းပေးရုံဘဲ... ဒါမှမဟုတ်...မင်းနဲ့ Forthရဲ့ပုံတွေ ဒီကျွန်းတစ်ခွင်မှာ ပျံ့သွားချင်တာလား

Beam : ပုံ... ဟုတ်လား ဘာပုံလဲ

ကိုယ်မင်းကို ပုံနဲ့အတူ ကိုယ့်ကိုလာတွေ့ရမဲ့နေရာကိုပါ ပို့ပေးလိုက်မယ် ပြီးတော့ အဲ့ပုံထက်အရေးကြီးတဲ့ သတင်းတစ်ခုက Forth ငွေကြောင့် လူသတ်ခဲ့တယ် ....

Beam : မဖြစ်နိုင်တာ... Forthက အဲ့လိုလူစားမဟုတ်ဘူး

မင်း ကိုယ့်ကိုလာတွေ့ရမဲ့နေရာကို ကိုယ်ပို့လိုက်မယ်

တစ်ဖက်မှ ဖုန်းချသွားပင်မဲ့ Beamတစ်ယောက်တော့ အတွေးကမ္ဘာထဲ နစ်မြောနေသည် ။ Forthက ငွေကြောင့် လူသတ်ခဲ့တယ်တဲ့လား ။ ဘယ်လိုမှပင်မဖြစ်နိုင် ။

...................................

Siam Hotel၏ Restaurantတစ်နေရာတွင်....

ခါတိုင်းထမင်းစားချိန်ဆို ထမင်းတစ်လုပ်စားလိုက် ရေတစ်ခါသောက်လိုက်နှင့် အလုပ်ရှုပ်နေတတ်သော Beamမှာ ဒီနေ့တော့ ခါတိုင်းနှင့်မတူ ။ တစ်ခုခုအား အလိုမကျသည့်ပုံပင် ။

Crush on you.... Where stories live. Discover now