Zawgyi>>>
တတီတီမြည်နေသော ဖုန်းကိုလည်းမကိုင်အား ဘေးဘီတခြားကို အာရုံတစ်ပါးတောင်မှမလွင့်နိုင်။ သူ့စိတ်အာရုံ စိုးရိမ်မှုအလုံးစုံတို့သည် ဆေးရုံထက်ရှိ ထိုကောင်လေးထံ၌သာ ။ တချက်ပင်မျှ မနားနိုင်ဘဲ တရကြမ်းသာ ကားကိုမောင်းနှင်လာရသည်။
နာရီပေါင်း ၈နာရီကြာတတ်ရန်သောခရီးကို ၅နာရီတည်းနှင့်ရောက်လာသည်ကိုသာ ကြည့်ပါလေ။
ရောက်လာသည်ထိလည်း Beamမှာ သတိမရတန်သေးပေ။ ခွဲစိတ်မှုကပြီးမြောက် အောင်မြင်ခဲ့သော်ငြား မေ့ဆေးဒဏ်ကြောင့် သတိရရန်ခက်ခဲနေသည်။ အရေးပေါ်ခွဲစိတ်မှုဖြစ်တာမို့ အခြေအနေစောင့်ကြည့်ရန် အထူးကြပ်မတ်ဆောင်၌သာ နေရသေးသည်။ သူ့၏စိုးရိမ်မှုအဆင့်သည်လည်း အစွန်းအဆုံး၌ပင်။အထူးကြပ်မတ်ဆောင်ရှေ့၌ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်းစောင့်ကာ ဂဏှာမငြိမ်ဖြစ်နေရသည်။ အချိန်အတော်ကြာ ကားမောင်းလာရသော်ငြား သူ့တွင်မမောနိုင်အားပါ။ သူ့ကိုယ်သူထက်ပင် ချစ်ရသူ၏ဝေဒနာအတွက် စိုးရိမ်စိတ်က ပိုပြင်းပြလှသည်။
P'Pringနှင့် Phaတို့လည်း ခွဲခန်းရှေ့၌ စိတ်မအေးချမ်းဖြစ်နေသော Forthကိုကြည့်ရင်း သက်ပြင်းရှည်ချမိပါသည်။
P'Pring: နောက်တစ်နာရီလောက်ဆိုရင်တော့ ကြပ်မတ်ဆောင်ထဲ ၀င်ကြည့်လို့ရပါပြီ ခဏလောက်သည်းခံလိုက်ပါနော် KhunForth
Forthခေါင်းသာ ငြိမ့်ပြနိုင်သည်။ သို့သော်လည်း ရတက်မအေးနိုင်သေးပါ။
ခဏကြာတော့ Kitနှင့်Yoတို့လည်းရောက်လာကြလေပြီ။
"CCTVစစ်ဆေးချက်အရဆို လူအုပ်ကြားထဲမှာမို့ ဓားကိုင်ထားတဲ့အမျိုးသားက ဘယ်သူဘယ်ဝါရယ်မသိခဲ့ရဘူး တကယ်တမ်းစဉ်းစားကြည့်လည်း Beamကို သတ်ရက်နိုင်လောက်အောင်မုန်းတဲ့သူမရှိပါဘူး"
ဟုသာ Kitကဆိုလာသည်။Yo:ဓားကိုင်ထားတဲ့သူအပြင် သူတို့အဖွဲ့မှာ တခြားအမျိုးသားနှစ်ယောက်လဲပါသေးတယ်
ဒီမှာလေ...ဖုန်းထဲသို့ကူးလာသော CCTV မှတ်တမ်းကို Forthထံသို့ပေးလိုက်သည်။
Forth:ဒီနှစ်ယောက်လား N'Yo
Yo:ဟုတ်တယ် ဒီအနက်ရောင်ဝတ်စုံနဲ့ နှစ်ယောက်..
နေဦး ဒီအမျိုးသမီးကိုလည်းမသင်္ကာဘူး ထူးဆန်းနေတယ်မဟုတ်လား
YOU ARE READING
Crush on you....
FanfictionZawgyi+Unicode ဒီFicလေးကတော့ Mon Jun Tra ဆိုတဲ့ Thai ဇာတ်လမ်းတွဲလေးကို အခြေခံပြီး ရေးထားတာပါ ဇာတ်လမ်းကတော့ normal ဇာတ်လမ်းလေးပါ အခုကတော့ BL အနေနဲ့ပြောင်းပြီး ForthBeam လေးနဲ့ပုံဖော်ကြည့်လိုက်တာပါ အမှားလေးများပါသွားခဲ့ရင်လည်း နားလည်ပေးကြပါလို့♥♥♥♥ ဒီ...