Part 27

761 60 6
                                    

Zawgyi>>>

ချစ်ရသူနှင့်ခွဲခွာရသည်မှာအချိန်အားဖြင့်ဆို တပတ်ပင်ကျော်နေလေပြီ ။ သူငယ်ချင်းများပြန်သည်နှင့် သူလည်းတပါတည်း ဘန်ကောက်သို့လိုက်သွားရလေသည် ။ ထိုင်းနိုင်ငံသတင်းနှင့်အချက်အလက်ဆိုင်ရာအစည်းအဝေးသို့တက်ရောက်ဖို့နှင့် တခြားသောလုပ်ငန်းကိစ္စများအား ဆောင်ရွက်ရန် သူ့ဌာနီဆီသို့ပြန်လေတော့ မျှော်တော်ယောင်မှာ မိမိသာလျှင်ပေါ့။ Neungလေးမှာလည်း Beamကိုသတိရလွန်းနေရဲ့ ။ ဘန်ကောက်ကိုသွားမယ်ဟုသာ တဂျီဂျီနှင့်ပူဆာနေလေသည် ။ လိုက်ပို့ပေးချင်သည်သာမက ကိုယ်လည်းအပြေးတွေ့ချင်မိသော်ငြား အလုပ်ကမပြတ်နိုင်။ သူလည်းအလုပ်နှင့်ပြန်ရသည့်မို့ ကိုယ့်မှာသူ့အား မကြာမကြာဖုန်းမဆက်ရဲ ။ ဘာလို့ဆို ထိုကောင်လေးဟာ စိတ်အလွန်ဆတ်သူတစ်ယောက်မဟုတ်လား သူအလုပ်များနေချိန်ဖုန်းဆက်မိလို့ကတော့ ကိုယ့်အားဖုန်းနှစ်ရက်လောက်မခေါ်ဘဲပစ်ထားရက်သည်အထိ ။ အခုတောင်သားNeungအား အကြောင်းပြကာသာ ထိုကောင်လေးအား ဆက်သွယ်နေရခြင်း ။ ညခင်းဖုန်းပြောချိန်များ၌ မိမိတို့မှာသူများစုံတွဲတွေလို့ တီတီတာတာ ချွဲချွဲနွဲ့နွဲ့ကလေးများပင်မပြောအားနိုင် ။ ညီငယ်လေးနေကောင်းရဲ့လား ထမင်းစားရဲ့လား သူ့ကိုလွမ်းကောလွမ်းလေရဲ့လားဆိုသောမေးခွန်းများသာရှိသည် ။ ဒါ့အပြင် P'Prathitတို့Kunတို့Khoeတို့ ဆိုသည်ကိုသာမေးဖော်ရသည်။ ချစ်သူကိုအား သတိရကြောင်းလွမ်းကြောင်းလေးပင် မကောင်းတတ်သလိုလေးတောင်ပြောပေးဖော်မရပေ ။ မိမိမှာ ကလေးအား မနာလိုအားကျဖြစ်နေရုံအပြင် မတတ်သာတော့ပေ ။ ဗီဒီယိုကောလ်လေးများ ခေါ်ဖြစ်ခဲ့ရင် ညီအစ်ကိုနှစ်ယောက်က တီတီတာတာချွဲနွဲနေပြီး မိမိမှာတော့အလုပ်ပင်ပန်းနေသောမျက်နှာကလေးကို ဘေးမှအလွမ်းပြေငေးရုံမျှသာ ။

ကလေးငယ်လေးသည်လည်း သူ့အစ်ကိုအားတွေ့ရန် ဂျီတိုက်ပြီးနောက် မျက်ရည်ဆက်လက်ကလေးဖြင့်သာ အိပ်ပျော်သွားလေသည်။ Beamပြန်သွားတည်းက သူတို့သားအဖနှစ်ဦးလုံးသည် Beamအခန်းထဲ၌သာ အိပ်ကြသည် ။ လာဗင်ဒါရေမွှေးရနံ့ကလေးက သူ့အားလွမ်းဆွတ်မှုအား မဖြေနိုင်သော်ငြား သူ့ကိုယ်ငွေ့ကလေးကိုတော့ပေးလေသည်မဟုတ်လား ။

Crush on you.... Where stories live. Discover now