Part 14

1.2K 101 12
                                    

Zawgyi>>>

Beam : ခင်များပြောပြမယ်ဆို ပြောပြတော့လေ

Forth : အင်းပါ

ကျွန်တော်ပြောပြဖို့ ဟန်ပြင်တော့ အသံဖမ်းစက်ကို ဖွင့်ထားရုံသာမက စာအုပ်ကောဘောပင်နဲ့ပါ ရေးမှတ်ဖို့ပြင်နေတဲ့ ထိုကောင်လေးကိုကြည့်ကာပြုံးမိသည် ။
Forth : အသံဖမ်းရင် ရပြီလေ ဘာလို့လိုက်ရေးနေတာလဲ
Beam : စက်ဆိုတာက အစိုးမရဘူးလေဗျာ
လိုက်ရေးထားမှပေါ့ ဒါပေမဲ့ခင်များပြောလိုက်တဲ့စကားတွေ အကုန်လုံးကို ကျွန်တော့်ခေါင်းထဲအသေချာမှတ်ထားပြီးသား

Beamရဲ့စကားတွေကြောင့် Forthပြုံးမိသည် ။

Beam : ရယ်ဘဲရယ်မနေနဲ့လေဗျာ...

Forth : အင်းပါ...ကိုယ်ပြောပြမယ် ဒါပေမဲ့တစ်ခုတော့ တောင်းဆိုမယ်

Beam : ကဲ Khun Forth Veteram!!
ကျွန်တော်ခင်များအကြောင်း သိရဦးမှာလား

Forth : သိရမှာပါ ဒါပေမဲ့ကိုယ်အခုပြောမဲ့ အကြောင်းကိုတော့ သတင်းမလုပ်စေချင်ဘူး ကိုယ်ကမင်းကို ဒီတိုင်းပြောပြရုံဘဲမို့

Beamတစ်ယောက် သက်ပြင်းရှည်ချကာ အသံဖမ်းစက်အားပိတ်လိုက်သည် ။ ဖွင့်ထားသော ဘောပင်ခလုတ်အားနှိပ်၍ ပိတ်ကာစာအုပ်ကြား ထဲထည့်လိုက်သည် ။ ထို့နောက် ထိုပစ္စည်းသုံးမျိုးအား အိတ်ထဲထည့်သိမ်းကာ Forthလက်ထဲ ထည့်ပေးလိုက်သည် ။

Beam : ကဲ..ရပြီလားခင်ဗျ

Forthတစ်ယောက်ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည် ။

Past of Forth

Forthဆိုတဲ့ ကျွန်တော်က တကယ်တမ်းတော့ ဘာပိုင်ဆိုင်မှုမှမရှိတဲ့တစ်ကောင်ကြွက်တစ်ယောက် ။ အမြဲတမ်းလေလွင့်နေတဲ့ကောင်တစ်ယောက်ပေါ့ ။ ဒါပေမဲ့လည်း ကျွန်တော်က လောင်းကစားမှာတော့ အကျိုးပေးတယ်ဗျ ။ ကစားပွဲတိုင်းကိုလည်း အမြဲနိုင်သလို ကျွန်တော်ကစားနေကျ ကာစီနိုရုံမှာတော့ ကျွန်တော်ကတကယ့်ကို ဘုရင်တစ်ဆူဘဲ ။ ကျွန်တော့်မှာ ခင်ရတဲ့သူငယ်ချင်းနှစ်ယောက်ရှိခဲ့တယ် ။ သူတို့ကတော့ Prathitနဲ့ Todဆိုသူတို့ပေါ့ ။ ခက်ခဲတဲ့ဘ၀လမ်းကို လျှောက်ခဲ့ရသူတွေမို့ ကျွန်တော်တို့ကြားက ခင်မင်မှုသံယောဇဉ်တွေက သိပ်ကိုနက်နဲခဲ့ကြတယ် ။ သူငယ်ချင်းဆိုတာထက် ကျွန်တော်တို့ညီအစ်ကိုတွေလိုဘဲ ။ ကျွန်တော်ရော Prathitရောက တစ်ကောင်ကြွက်တွေဆိုပေမဲ့ Todမှာတော့ Tinnလို့ခေါ်တဲ့ အကိုတစ်ယောက်ရှိတယ် ။ P'Tinnကြောင့်ဘဲ ကျွန်တော်ရော Todပါ လောင်းကစားနယ်ပယ်ထဲမှာ ကျင်လည်ခဲ့ကြတယ် ။
Prathitကတော့ သူဝါသနာပါတဲ့အချက်ပြုတ်ကိုဘဲ ဆက်လက်သင်ကြားခဲ့တယ် ။ တစ်နေ့တော့ ချမ်းသာစရာ အခွင့်ရေးတစ်ခုက ကျွန်တော်တို့လက်ထဲရောက်လာသလိုပင် ။ ကျွန်တော်နဲ့ P'Tinnတို့ မိုင်းတွင်းမှာကျောက်တူးဖို့ အတွက် Tratကိုလာခဲ့ကြတယ် ။ Todနဲ့ Prathitတို့ကတော့ ကျွန်းပေါ်မှာကျန်ခဲ့ကြတယ် ။
Prathitကအစတည်းက ဖြူလျော့လျော့ကောင်လေး ဖြစ်တာကြောင့် ဒီအလုပ်ကသူနဲ့ဆို အဆင်မပြေနိုင်ဘူးလေ ။ တကယ်တော့ ဒီအလုပ်က ခက်ခဲပြီးတော့ ကြမ်းတမ်းတယ် ။ အထိခိုက်များတယ် ။ မြေပြိုတဲ့ဒဏ်တွေ ရေမြုပ်တဲ့ဒဏ်ကိုလည်းခံရသေးတယ် ။ တစ်ခါတစ်လေ မိုင်းကိုမှားတူးမိလို့ အသက်ဆုံးရှုံးလိုက်ရသူတွေလည်း ရှိသလို ခြေလက်ဆုံးရှုံးသွားတာတွေလည်းရှိတယ် ။ အထူးသဖြင့်တော့ ငှက်ဖျားဒဏ်ကြောင့် အသက်ဆုံးရတဲ့သူတွေအများကြီးပေါ့ ။ P'Tinnလည်း 
ငှက်ဖျားပိုးဝင်ပြီး မိုင်းတွင်းထဲမှာဘဲအသက်ဆုံးရှုံးခဲ့တယ်လေ ။ P'Tinnဆုံးပြီးလို့ မကြာခင်မှာဘဲ မြေပြိုတဲ့ဒဏ်ကို ကျွန်တော်တို့ခံခဲ့ရသေးတယ် ။ မြေပြိုပြီးတော့ ဖုန်တထောင်းထောင်းထနေတဲ့ တွင်းကြီးထဲတည်ရှိနေတဲ့ ကျောက်စိမ်းတုန်းတစ်တုန်းကို ကျွန်တော်နဲ့ Dejဆိုတဲ့သူတို့တွေ့ခဲ့ကြတယ် ။ ဒီနေရာမှာတော့ ကိုယ်ရကိုယ်ယူဖြစ်တာကြောင့် P'Dejနဲ့ ကျွန်တော်တို့ ထိုကျောက်စိမ်းကို ယူပြီးထွက်ပြေးခဲ့ရတာပေါ့ ။ ကျွန်တော်တို့ Koh Kradanကိုပြန်ရောက်ပြီး ကိုယ့်ဝေစုသူ့ဝေစုခွဲခဲ့ကြတယ် ။ ကျောက်စိမ်းဆိုတာကလည်း ကြီးရင်ကြီးသလောက်ကို ဈေးကောင်းရတယ်မဟုတ်လား ။ ဒီကရတဲ့ငွေကို အရင်းတည်ပြီး ကျွန်တော်စီးပွားရေးတစ်ခုလုပ်ဖို့ သူငယ်ချင်းနှစ်ယောက်ဆီကို ပြန်လာခဲ့တယ် ။ ကျွန်တော်ပြန်ရောက်လာတော့ အထင်နဲ့လက်တွေ့က တခြားဆီဘဲ ။ ကျွန်တော့်သူငယ်ချင်း Todက လောင်းကစားသမားကြီးကိုဖြစ်ပြီး အမြဲမူးရူးနေတော့တာဘဲ ။ ကျွန်တော့်အပေါ်ကိုလည်း သူ့ရဲ့မကျေနပ်ချက်တွေက ပေါက်ကွဲလာတာပေါ့ ။ အဆိုးဆုံးကတော့ P'Tinnကို ကျွန်တော်သတ်တယ်လို့ သူထင်သွားတာဘဲ ။ ကျွန်တော်သူကျေနပ်အောင်မရှင်းပြနိုင်ခဲ့ဘူး ။ ကျွန်တော့်ဆီက ငွေတစ်ချို့ယူပြီး သူပျောက်သွားခဲ့တယ် ။
ကျွန်တော် Siam Hotelကို ၀ယ်လိုက်ပြီးသိပ်မကြာပါဘူး Todပြန်ရောက်လာတယ် ။ အခုတော့ သူကတကယ်ကို လောင်းကစားနွံထဲနစ်နေပြီလေ ။ တရားမ၀င် Casinoတစ်ခုဖွင့်ထားပြီး ကျွန်တော့ကို လိုက်တိုက်ခိုက်တော့တာ အခုချိန်ထိဘဲဆိုပါတော့ ။ တကယ်တမ်းကျွန်တော်စိုးရိမ်မိတာက Casinoဖွင့်ဖို့အချိန်နီးလာလေလေ ကျွန်တော်စိုးရိမ်မိလေဘဲ ။ ဒီCasinoမဖွင့်ဖြစ်အောင်တော့ သူလိုက်နှောက်ယှက်နေဦးမှာဘဲလေ ။

Crush on you.... Where stories live. Discover now