Zawgyi>>>ကမ်းခြေတွင် နှုတ်ဆိတ်ကာ ထိုင်နေကြသော ကျွန်တော်တို့ နှစ်ယောက်....
သို့သော်လည်း ကျွန်တော်တို့ကြား ကျယ်လောင်စွာ ပြန့်ကျဲနေသော ရင်ခုန်သံတို့သည်ကား ဆူညံလျက်...
ကျွန်တော့်ဘေးက ကောင်ကလေးကတော့ သူ့ခြေမလေးအား သဲထဲသို့ ထိုးချည်ဆွချည်နှင့် ကစားနေလေ၏ ။ ရှုက်သွေးဖြာနေသော ပါးပြင်နုနုကတော့
ပတ္တမြားအရောင်ကလေးဟပ်ကာ ရဲတက်နေလေသည် ။
ပင်လယ်ပြင်အားကြည့်လိုက် သူ့ခြေချောင်းတို့အားကြည့် လိုက် ကျွန်တော့်အား မရဲတရဲလာကြည့်လိုက် အကြည့်ချင်းဆုံတော့ ဆက်ခနဲတဖက်ပြန်လှည့်သွားလိုက်ဖြင့် အလုပ်ရှုပ်နေသော ထိုကောင်ကလေးကြောင့် ကျွန်တော်ပြုံးမိပြန်သည် ။>>>
ဟာ... Ai Beam!! ဘာလို့များသူ့ကို သွားဖက်ရတာလဲ ။ ဟိုကတော့ မင်းကို အထင်သေးသွားတော့မှာဘဲ ။ သူနမ်းတာကိုတောင် ပြန်နမ်းမိလိုက်သေးတယ် ။ ဒီနှုတ်ခမ်းကတော့လေ ....ဟင်းး..ဟင်းး
သူငါ့ကိုလာကြည့်နေပြန်ပြီ ....မျက်နှာပူပါတယ်ဆိုမှ...
>>>
မိနစ်ပိုင်းသာဆိုလောက်သော အနမ်းတို့အတွက် ကျွန်တော်တို့ကြားကဆက်ဆံရေးက လေစိမ်းတို့က ၀င်ရောက်တိုက်ခတ်နေသလိုပင် ။ အေးစက်နေလေသည် ။ သူလည်း ကျွန်တော့်အားရဲရဲမကြည့်ရဲသေးသလို ကျွန်တော်လည်း သူ၏တောက်ပလွန်းသော မျက်ဝန်းအား ငေးကြည့်ရန် မ၀ံ့ရဲသေး ။ စိတ်လှုပ်ရှားလွန်းကာ လက်ဖျားတို့ပင်အေးစက်နေလေသည် ။ အတွေးတို့ဖြင့် ယောင်ယမ်းနေတုန်းပင် ကျွန်တော့်ဘေးက ချာတိတ်ကိုကြည့်လိုက်မိမှ သူ့တကိုယ်လုံးမှာ တုန်ယင်နေပြီ ။ ကျွန်တော်တို့နှစ်ယောက်လုံး ရေတွေလည်း စိုရွဲနေသလို ပင်လယ်ကိုဖြတ်ကာတိုက်လာသော လေအေးတို့ကလည်း ခပ်စိမ့်စိမ့်ပေ မဟုတ်လား ။ ကျွန်တော်လည်း သူ့ပုခုံးးလေးကို လက်ဖြင့်ထိလိုက်တော့ လန့်သွားတဲ့ သူ့ကိုယ်လေးကို သတိပြုမိလိုက်တယ် ။ သူတော်တော်လေး ရှက်နေတာဘဲ ။ ကျွန်တော်သူ့ကို စိတ်ဒုက္ခပေးမိသလိုများဖြစ်နေပြီလား ။ ကျွန်တော်တို့နှစ်ယောက်ကြားက ဆိတ်ငြိမ်မှုကြီးကို ကျွန်တော့်ဘက်ကဘဲစပြီး ဖြိုခွင်းလိုက်ရတော့တယ် ။
YOU ARE READING
Crush on you....
FanfictionZawgyi+Unicode ဒီFicလေးကတော့ Mon Jun Tra ဆိုတဲ့ Thai ဇာတ်လမ်းတွဲလေးကို အခြေခံပြီး ရေးထားတာပါ ဇာတ်လမ်းကတော့ normal ဇာတ်လမ်းလေးပါ အခုကတော့ BL အနေနဲ့ပြောင်းပြီး ForthBeam လေးနဲ့ပုံဖော်ကြည့်လိုက်တာပါ အမှားလေးများပါသွားခဲ့ရင်လည်း နားလည်ပေးကြပါလို့♥♥♥♥ ဒီ...