Zawgyi>>>
လပ်တော့(ပ်)ဖြင့် စာရိုက်ခြင်းကို လက်စသတ်လိုက်ပြီး တပ်ထားသောမျက်မှန်အားချွတ်ကာ စားပွဲထက်၌ တင်ထားလိုက်သည်။
Beamမျက်ခုံးတို့အား လက်ဖြင့်အသာနှိပ်ကာ ခေတ္တအနားပေးလိုက်သည်။ အညောင်းအညာပြေစေရန် ခြေလက်တို့အား ဆန့်ထုတ်ကာအကြောဆန့်လိုက်သည်။
စာရိုက်ထားသည်မို့ ညောင်းကိုက်နေသော လက်ချောင်းကလေးများအား အပြန်အလှနိနှိပ်နယ်နေသည်။ထို့နောက် သူ့နောက်ကျောဘက်က ထိုင်ခုံအားခေါင်းမှီကာ ခဏအသာမှေးလိုက်သည်။ မျက်လုံးတို့အား မှေးစက်ထားသော်ငြား သူ့နံဘေး၌ပျံ့လွင့်လာသော Forth၏ကိုယ်ရနံ့ ခပ်သင်းသင်းကို သတိထားမိသည်။
Forth:Beamအိပ်ယာမှာလာအိပ်ပါလား
သူ့အား အသာပုတ်ကာ ခပ်တိုးတိုးစကားဆိုသည်။
Beam:ကျွန်တော်ခဏ မှေးနေတာပါ စာရိုက်တာကမပြီးသေးဘူး ပြင်သစ်ကရုံးချုပ်အတွက်ဆိုတော့ ကျွန်တော်ပိုကြိုးစားဖို့လိုတယ်လေ
Forth သူ့နံဘေးကကောင်လေးအား ရင်ခွင်ထဲသို့ ထွေးဖက်လိုက်သည်။
Forth:ပင်ပန်းနေရပြီ ကိုယ့်ချစ်သူလေး
နှစ်ကိုယ်ကြားအလုံအလောက် ကြားရုံသာစကားဆိုလိုက်ရင်း
ချစ်သူ၏ ဇက်ကျောဖွေးဖွေးလေးအား နှိပ်နယ်ပေးလိုက်သည်။
အနည်းငယ်ကြာပြီးသော်...သူ့ပခုံးထက်မှ Forthလက်တို့အား ဖယ်စေလိုက်သည်။Beam:ရပါပြီForthရဲ့ ကျွန်တော်မညောင်းတော့ပါဘူး
Forth:ကိုယ်ကော်ဖီဖျော်ပေးမယ်နော် ခဏလေးစောင့်
Beamပြုံးပြီး ခေါင်းအသာငြိမ့်ပြလိုက်သည်။
ထို့နောက်လပ်တော့ပ်အား ယူကာလုပ်လက်စအလုပ်ကို ပြန်လည်စတင်လိုက်သည်။
စာရိုက်နေရင်း နှာဖျား၌မွှေးကြူလာသော ကော်ဖီစေ့ရနံ့ မွှေးသက်သက်လေးက သူ့စိတ်တို့အား နိုးကြားလန်းဆန်းသွားလာစေပြန်သည်။
Beam:Neungလေး အိပ်ပျော်သွားပြီလား
Forth:အင်း အိပ်မောကျနေပြီ မနက်လည်းကျောင်းရှိတော့ ခပ်စောစောဘဲသိပ်ထားလိုက်တယ်
YOU ARE READING
Crush on you....
FanfictionZawgyi+Unicode ဒီFicလေးကတော့ Mon Jun Tra ဆိုတဲ့ Thai ဇာတ်လမ်းတွဲလေးကို အခြေခံပြီး ရေးထားတာပါ ဇာတ်လမ်းကတော့ normal ဇာတ်လမ်းလေးပါ အခုကတော့ BL အနေနဲ့ပြောင်းပြီး ForthBeam လေးနဲ့ပုံဖော်ကြည့်လိုက်တာပါ အမှားလေးများပါသွားခဲ့ရင်လည်း နားလည်ပေးကြပါလို့♥♥♥♥ ဒီ...