Part 30

766 51 6
                                    

Zawgyi>>>

နံဘေး၌ငိုကြွေးနေသောအမျိုးသမီးတစ်ဦးအား ပစ်ထားခဲ့ရန်တော့မသင့်မဟုတ်လား။ ဖုန်းဆက်ရင်းတအိအိနှင့်ငိုနေတာမို့ သူမထံအမြန်လာခဲ့ခြင်းပင်။ ရောက်လာတော့လည်း စကားမေးပင်မရသည်အထိ... အငိုဆက်နေတာမို့...

Forth:ဘာဖြစ်လို့လဲ P' ဘာလို့ငိုနေရတာလဲ

သူမသည်စိတ်ဓာတ်မာကျောသူတစ်ယောက်ပင် မျက်ရည်လွယ်လွယ်နှင့် ကျတတ်သောသူတစ်ယောက်တော့ မဟုတ်ဘူးမလား။ဒါ့အပြင်သူမသည်သူ၏သူငယ်ချင်းတစ်ဖြင့် သူ့အပေါ်ကျေးဇူးရှိသူဟုဆိုလျှင်လည်းမမှားပေ။ ဒီလိုမိတ်ဆွေတစ်ယောက်စိတ်ပူပင်သောကရောက်နေရသည်ကို လက်ပိုက်ကြည့်နေရလောက်သည်အထိတော့ သူမရက်စက်သေး။

သူမကိုကြည့်လိုက်ပြန်တော့လည်း မျက်ရည်ဆက်လက်ဖြင့်သာ....

Forth:ဘာတွေဖြစ်နေတာလဲP'Plang
P'ရှင်းပြမှ ကျွန်တော်ကဖြေရှင်းပေးလို့ရမယ်လေ

"ဘာလို့ ဘန်ကောက်ကိုရောက်နေတာလဲ"ဆိုတာကိုတော့ မေးမနေတော့ပေ။ သူများ၏ကိုယ်ရေးကိုယ်တာဖြစ်တာမို့ သူလည်းစိတ်မ၀င်စားမိတော့။

Plung:ဘယ်သူကသတင်းဖြန့်လိုက်လဲမသိပါဘူး Forthရယ် Neungကနင်နဲ့ငါ့ရဲ့သားလေးတဲ့ ပြီးတော့P'က Forthရဲ့မိန်းမတဲ့လေ ပြီးတော့မနေ့ကညနေက Todရဲ့လူတွေရောက်လာတယ် ကာစီနိုကိစ္စကို ဆက်ပြီးတော့လုပ်နေဦးမယ်ဆိုရင် အစ်မနဲ့သားNeungကိုသတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်သွားခဲ့တာ...

Forth:ဒါဆိုရင်တော့ကျွန်တော် ကျွန်းကိုပြန်မှဖြစ်တော့မယ် ဒီကလူတွေထိခိုက်မှာကို ကျွန်တော်လည်းလုံးဝမလိုလားဘူး P'လည်းလတ်တလောတော့ ဒီကဟိုတယ်မှာဘဲတည်းပြီး ခဏရှောင်နေလိုက်ပေါ့ ဟိုဘက်မှာအခြေအနေတွေ အေးဆေးဖြစ်တော့မှ ပြန်လာခဲ့ပေါ့

Plang:သြော်...P'ဒီကိုရောက်နေတာကို N'Beamကိုမပြောပါနဲ့နော် P'ကြောင့် ForthရောBeamပါ စိတ်ညစ်ရမှာကိုမလိုလားဘူး

လေးလံစွာသာ ခေါင်းငြိမ့်ပြမိသည်။

သူမကတော့ မဲ့ပြုံးလှလှတစ်ခုဖြင့်သာ....ယောက်ျားတကာရှေ့၌ မျက်ရည်ချူတတ်တာမျိုးမရှိလို့ သူမအပေါ် Forthပယုံကြည်မပျက်သေးတာတော့ အမှန်ဘဲလေ။

Crush on you.... Where stories live. Discover now