Part 8

1.4K 123 21
                                    

Zawgyi>>>

ပင်လယ်ကိုဖြတ်ကာတိုက်ခတ်လာသော လေပြေးလေးကလည်း အေးစိမ့်စိမ့်ပေ....

ကျွန်တော့်ရင်ခွင်ထဲကို တိုးဝေ့လာသော ထိုကောင်ကလေးအား နွေးထွေးစေရန်အလို့ငှာ ကျွန်တော့်ရင်ငွေ့နွေးနွေးကို သိမ်းပိုက်ထားစေလိုက်သည် ။
နူးညံ့လွန်းသောအထိအတွေ့တို့ဖြင် သူ၏ကျောပြင်သေးသေးလေးအား နွေးထွေးစေလိုက်သည် ။
ချမ်းနေသေးလို့ထင်တယ် ကျွန်တော့်ရင်ခွင်ထဲကို ထပ်မံတိုးဝင်လာပြန်သည် ။ ဒီတခါတော့ သူ့နှုတ်ခမ်းဖူးဖူးလေးက ကျွန်တော့်ရင်ဘတ်ကို ထိကပ်နေလေသည် ။ တဒိတ်ဒိတ်ခုန်နေသော ကျွန်တော့်၏ နှလုံးခုန်သံအစုံတို့သည်ကား ယနေ့မှပိုကျယ်လောင်နေသလိုပင် ။ သူ့၏ ခေါင်းလုံးလုံးလေးကို ရုတ်တရတ်မော့လိုက်လေတော့ ကျွန်တော့်မေးဖျားကို ထပ်မံမိတ်ဆက်လာလေသော သူ့နှုတ်ခမ်းတစ်စုံ .... ကျွန်တော့်မျက်နှာအား လက်ရိုက်ခတ်နေသော သူ့နှာဖျားမှလေငွေ့နွေးနွေးး...

ကျွန်တော့်မြင်ကွင်းတွင် တစ်သီးတစ်သန့်ပင် ပေါ်ထွက်နေသော သူ့ပုံရိပ်ကလေးး....ပြတင်းပေါက်မှ တိုးဝင်လာသော တိုက်လေတို့ကြောင့် လွင့်မျောနေသော ဆံနွယ်ပျော့ပျော့လေးတွေက တရိပ်ရိပ်နှင့်ပါးပြင်ကို လာထိနေလိုက်ပုံများးး Lavenderရနံ့သင်းပျံ့နေသော သူ၏ဆံနွယ်များကြောင့် မတည်ငြိမ်သော စိတ်အလျှင်တို့ကို မနည်းပင် ထိန်းချူပ်ထားရပေသည် ။ သို့သော်လည်း လှုပ်ရှားလာသော သူ့ခေါင်းလေးကြောင့် ကျွန်တော့်နှုတ်ခမ်းတစ်စုံက သူ့နဖူးပြင်ဖွေးဖွေးလေးအား ထိလျက်ဖြစ်နေလေပြီ ။ သို့သော်လည်း ကျွန်တော်မရုန်းမိ.... ဤအနေအထားလေးကို ကျွန်တော်မြတ်နိုးမိသည် ။
နှစ်သက်လွန်းသည် ။ ဤ ၈နှစ်တာကာလပတ်လုံး ကျွန်တော့်ရင်ဘတ်အားကြီးစိုးထားသူ ထိုကောင်လေးအား ကျွန်တော်သိပ်မြတ်နိုးသည် ။ သူ့ရင်ဘတ်ထဲက အမုန်းဒဏ်ရာတို့ကို ဖြေဖျောက်ပေးချင်မိသည် ။ ဖြူစင်လွန်းသော သူ့အပြုံးလေးက ကျွန်တော့်အတွက်တော့ သိပ်ကိုအေးချမ်းလွန်းတဲ့ လမင်းလေးးသဖွယ် အေးချမ်းလွန်းလှသည် ။ တောက်ပလွန်းသော သူ့မျက်ဝန်းတစ်စုံသည်ကား ကောင်းကင်ယံတွင် ထွန်းလင်းနေသော ကြယ်စင်ကလေးကဲ့သို့ပင် ။ အခုတော့ စောင့်စိုင်းခဲ့ရသည့်ကာလတို့ကိုကျော်လွန်ကာ ကျွန်တော့်အနားကို သူရောက်လာခဲ့ပြီလေ ။ ကျွန်တော်ထိုကောင်လေးကို ကာကွယ်ပေးချင်မိတယ် ။ မနက်ခင်းတိုင်းကို သူနှင့်အတူနိုးထချင်မိသည် ။ သူနှင့်အတူ ထမင်းလက်စုံစားချင်မိသည် ။ ကမ်းခြေတွင်အတူလမ်းလျှောက်ချင်မိသည် ။ ကမ်းခြေ၏ တိတ်ဆိတ်အေးချမ်းလွန်းသော ညချမ်းကို သူနှင့်အတူ ကုန်ဆုံးချင်မိသည် ။ အချိန်တိုင်း မိနစ်တိုင်းစက္ကန့်တိုင်းကို သူနှင့်အတူသာ ကုန်ဆုံးချင်မိသည် ။
ကျွန်တော့်၏စိတ်အစဉ်တွင်တော့ Beam ဆိုသော ထိုကောင်ကလေးကိုသာ ချစ်သည် ။ မြတ်နိုးသည် ။

Crush on you.... Where stories live. Discover now